Connect with us

Asia

ဗီယက်နမ်တွင် မိသားစုဝင် ၃ဦး အသတ်ခံရ၊ အခြားလူ ၄ဦး ဒဏ်ရာရရှိ

ဗီယက်နမ်နိုင်ငံမှ ရဲတပ်ဖွဲ့ဝင်တစ်ချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Thai Nguyen ပြည်နယ် တွင် စက်တင်ဘာ ၂၅ ရက် နံနက်အစောပိုင်းက မိသားစုတစ်ခု မှ မိသားစုဝင် ၃ဦး ဓားထိုးသတ်ခံရပြီး အနီးအနားတွင် နေထိုင်သူ ၄ဦး လည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

သေဆုံးသူ ၃ဦးတွင် Nguyen Van Hoat (၄၂နှစ်)၊ ၎င်း၏ ၁၃နှစ်အရွယ် သားဖြစ်သူ နှင့် ၄၉နှစ် အရွယ် မရီး တို့ပါဝင်ပြီး Hoat ၏ အသက် ၅၁နှစ် အရွယ် အကိုတစ်ဦးလည်း အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒေသခံရဲတပ်ဖွဲ့က စက်တင်ဘာ ၂၅ ရက်တွင် ကျေးလက်ဒေသ Phu Binh ခရိုင် ရှိ သေဆုံးသူမိသားစု၏ နေအိမ်အနီးမှ အသက် ၅၆နှစ်အရွယ် အမျိုးသားတစ်ဦးအား လူသတ်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပြည်နယ်ရဲတပ်ဖွဲ့က သံသယရှိသူသည် စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်ရှိနေသည့် လက္ခဏာများပြသနေသည်ဟု ပြောကြားခဲ့ကြောင်း အွန်လိုင်းသတင်းစာ Thanh Nien (Young People) ကဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.