Connect with us

Asia

အိန္ဒိယတွင် ကားတစ်စီး တူးမြောင်းထဲပြုတ်ကျ၍ လူ ၅ဦးသေဆုံး

အိန္ဒိယနိုင်ငံတွင် ယခင် တူးမြောင်းတစ်ခုအတွင်းပြုတ်ကျခဲ့သည့် ကားတစ်စီးကို ဆယ်ယူနေစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Odisha ပြည်နယ် ရှိ တူးမြောင်းတစ်ခုအတွင်းသို့ ကားတစ်စီး ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၅ဦးသေဆုံးပြီး အခြားလူ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်ရပ်သည် ပြည်နယ်ရှိ Puri ခရိုင်တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရဲအရာရှိတစ်ဦးက Bhailipur ဧရိယာ တွင် မိသားစုတစ်စုမှ လူ ၇ဦးလိုက်ပါလာသော ကားတစ်စီးသည် ကားမောင်းသူ ၏ အရှိန်မထိန်းနိုင်မှုကြောင့် တူးမြောင်းတစ်ခုထဲသို့ ပြုတ်ကျခဲ့ပြီး လူ ၅ဦး အခင်းဖြစ်ပွားရာ၌ပင် သေဆုံးခဲ့ကာ လူ၂ဦးကို ဆေးရုံသို့ တင်ထားခဲ့ကြောင်း ပြောကြားခဲ့သည်။

ယာဉ်မတော်တဆမှုဖြစ်ပွားချိန်တွင် အဆိုပါမိသားစု သည် ဆွေမျိုးတစ်ဦး၏ အရိုးပြာအား မြှုပ်နှံရန် သွားရောက်နေခြင်းဖြစ်ကြောင်း နှင့် ၎င်းတို့သည် Ganjam ခရိုင်မှာလာရောက်ခြင်းဖြစ်ကြောင်း ရဲအရာရှိကပြောကြားခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ် Naveen Patnaik က သေဆုံးမှုများအတွက် ဝမ်းနည်းကြေကွဲပါကြောင်း၊ သေဆုံးသူတစ်ဦးချင်းစီအတွက် အိန္ဒိယရူဘီ ၂၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၃,၀၀၀ ) နစ်နာကြေးပေးအပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်ကို တာဝန်ရှိသူတစ်ဦးက မီဒီယာသို့ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်ရပ်အား စုံစမ်းစစ်ဆေးနေကြောင်း ရဲအရာရှိကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.