Connect with us

Asia

ဗီယက်နမ်နိုင်ငံတောင်ပိုင်းတွင် ဆီတင်ယာဉ်တစ်စီး တိမ်းမှောက် မီးလောင်မှုကြောင့် လူ ၆ ဦး သေဆုံး


ဟနွိုင်း ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ Binh Phuoc ပြည်နယ်တွင် ဆီတင်ယာဉ်တစ်စီး တိမ်းမှောက်မီးလောင်မှုကြောင့် လူနေအိမ်များ မီးလောင်ကျွမ်းခဲ့ရာ အနည်းဆုံး ၆ ဦးထက်မနည်းသေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရခဲ့ ကြောင်း ဗီယက်နမ် မီဒီယာများ၏ သတင်းများအရ သိရသည်။

ဆီတင်ယာဉ်တစ်စီးသည် Binh Phuoc ပြည်နယ် Chơn Thành အမှတ် ၁၃ လမ်းမကြီးတွင် သွားလာ နေစဉ် သုံးဘီးကားတစ်စီးနှင့်တိုက်မိပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ဓာတ်တိုင်နှင့် ဝင်တိုက်ရာ တိမ်းမှောက်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ၊ လောင်ကျွမ်းသည့်မီးများသည် လမ်းမကြီးနံဘေးရှိ လူနေအိမ် ၁၉ အိမ်ကို ကူးစက်ခဲ့ရာ လူ၆ ဦးသေဆုံးပြီး ဒါဇင်နှင့်ချီဒဏ်ရာရရှိခဲ့ကြောင်း ၊ဆီတင်ယာဉ် မောင်းမှာ မီးလောင်ဒဏ်ရာ ပြင်းထန်ကြောင်းနှင့် သုံးဘီးကားယာဉ်မောင်းမှာ ဒဏ်ရာအနည်းငယ်ရရှိ ခဲ့ကြောင်း သိရသည်။

ဆီတင်ယာဉ်တိမ်းမှောက်မီးလောင်ခဲ့သည့် အချင်းဖြစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

ဆီတင်ယာဉ်တိမ်းမှောက်မီးလောင်ခဲ့သည့် အချင်းဖြစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

ဆီတင်ယာဉ်တိမ်းမှောက်မီးလောင်ခဲ့သည့် အချင်းဖြစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

အချင်းဖြစ်ပွားပြီးနောက် ၎င်းဒေသရှိ သက်ဆိုင်ရာဌာနများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် အချင်းဖြစ်နေရာသို့ အမြန်ဆုံးသွားရောက်ခဲ့ကြောင်း၊ ၃ နာရီကြာ မီးငြိမ်းသတ်ခဲ့ရကြောင်း ၊ လက်ရှိတွင် အချင်းဖြစ်ပွားသည့်အကြောင်းရင်းနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.