Connect with us

Asia

ဗီယက်နမ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် တရုတ်နိုင်ငံ ကတိပြု

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် (ယာ) နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ငုယင်ကျန်းဖက်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံနှင့်အတူ လက်တွဲပြီး အောင်မြင်မှုရလဒ်များ ပိုမိုရရှိလာစေရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး တွန်းအားပေးသွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ဇန်နဝါရီလ ၁၀ ရက်က ပြောကြားခဲ့သည်။

လီသည် ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်တွင် ပြုလုပ်သော ဒုတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ခေါင်းဆောင်များ အစည်းအဝေး ပြင်ပတွင် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ငုယင်ကျန်းဖက် (Nguyen Xuan Phuc) နှင့် တွေ့ဆုံဆွေးနွေးစဉ် အထက်ပါ မှတ်ချက်အား ပြောကြားခဲ့သည်။

အဆိုပါ LMC အစည်းအဝေးသို့ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

တရုတ်-ဗီယက်နမ် ဘက်စုံ မဟာဗျူဟာကျသော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံ ဆက်ဆံရေးသည် အစဉ်အတိုင်း တိုးတက်လျက်ရှိကြောင်း လီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ဗီယက်နမ်နိုင်ငံသို့ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက လာရောက်လည်ပတ်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ကဏ္ဍသစ် ဖွင့်လှစ်ခဲ့ကြောင်း လီက ဆိုသည်။

တရုတ်နိုင်ငံသည် LMC မူဘောင်အတွင်း ဗီယက်နမ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ဒေသတွင်း ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအား ပူးတွဲ စောင့်ထိန်းရေး စသည်တို့အား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီက ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ငုယင်ကျန်းဖက်ကလည်း ပြီးခဲ့သည့်နှစ်က နှစ်နိုင်ငံ ထိပ်သီး ခေါင်းဆောင်များနှင့် နှစ်နိုင်ငံ အာဏာရပါတီများအကြား ချစ်ကြည်ရေးခရီးစဉ်အား အပြန်အလှန်သွားရောက်ခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်ရေး အရေးပါသော သဘောတူညီမှု ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံနှင့် ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုအား တန်ဖိုးထားပါကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုဖွံ့ဖြိုးတိုးတက်မှုရှိစေရန် စီးပွားရေးနှင့် ကုန်သွယ်ရေး စသည့်နယ်ပယ်များ၌ အဆင့်မြင့် ဖလှယ်မှုများအား ထိန်းသိမ်းသွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.