Connect with us

Asia

ဗီယက်နမ်လေယာဉ်ပျက်ကျမှုအတွင်း လေယာဉ်မှူးသေဆုံး

ဗီယက်နမ် အလယ်ပိုင်းတွင် ပျက်ကျခဲ့သည့် အမောင်းသင် စစ်လေယာဉ် အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ၏ အမောင်းသင် စစ်လေယာဉ်တစ်စီးဖြစ်သော L-39 လေယာဉ်သည် သြဂုတ်လ ၂၆ ရက် နံနက်ပိုင်းက မြို့တော်ဟနွိုင်းမှ တောင်ဘက် ၉၅၀ ကီလိုမီတာ အကွာ နိုင်ငံ အလယ်ပိုင်း Phu Yen ပြည်နယ် ရှိ စပါးကွင်းထဲသို့ ပျက်ကျခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောကြားခဲ့သည်။

အဆိုပါ လေယာဉ်ပျက်ကျမှု ဖြစ်စဉ် အတွင်း လေယာဉ်မှူးတစ်ဦးသေဆုံးခဲ့ကြောင်း လေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့သည့် Phu Yen ပြည်နယ် Dong Hoa ခရိုင်ဆိုင်ရာ ပြည်သူ့ကော်မတီ ဥက္ကဋ္ဌ Vo Ngoc Hoa ကပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ပြည်တွင်း Tuoi Tre (Youth) အွန်လိုင်းသတင်းစာ တစ်ခု က ကုတ်နံပါတ် ၈၇၀၅ လေယာဉ်သည် သြဂုတ် ၂၆ ရက် ဒေသစံတော်ချိန် နံနက် ၈း၂၀နာရီ ၌ မြေပြင်မှ ထွက်ခွာလာပြီးနောက် မိနစ်ပိုင်းအကြာ ပျံသန်းနေစဉ် အင်ဂျင်ရပ်ဆိုင်းသွားခဲ့ကာ ပျက်ကျခဲ့ကြောင်း ဖော်ပြခဲ့သည်။
အမောင်းသင်လေယာဉ်မှူး သည် အနီးဆုံး လေဆိပ်တစ်ခုသို့ ဆင်းသက်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း Tuoi Tre ကပြောကြားခဲ့သည်။

မျက်မြင်တွေ့မြင်ခဲ့သူတစ်ဦး က ပျက်ကျခဲ့သည့် လေယာဉ်မှာ အသေးစား စစ်လေယာဉ်တစ်စီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ အခင်းဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေး တပ်ဖွဲ့များရောက်ရှိလာခဲ့ပြီး ကန့်သတ်နေရာတစ်ခု အဖြစ် သတ်မှတ်ပေးခဲ့ကြောင်း Tuoi Tre ကပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117