Connect with us

Asia

ဗီယက်နမ်သည် ပထမ ၇ လအတွင်း ရေနံသဘာဝဓာတ်ငွေ့ဝင်ငွေဒေါ်လာ ၁၁.၃ ဘီလီယံရှိခဲ့

ဗီယက်နမ်ကမ်းလွန် ရေနံလုပ်ကွက်တစ်ခုအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဟနွိုင် ၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ အမျိုးသား ရေနံ နှင့် သဘာဝဓာတ်ငွေ့အုပ်စု(Petro Vietnam)သည် ၂ဝ၁၆ ခုနှစ် ပထမ ၇ လအတွင်း ဝင်ငွေ ဗီယက်နမ်ဒေါင် ၂၅၃ ထရီလီယံ ( အမေရိကန်ဒေါ်လာ ၁၁.၃ ဘီလီယံ) ရှိခဲ့ကြောင်း သိရသည်။

ပက်ထရိုဗီယက်နမ်သည် ၇ လအတွင်း နိုင်ငံအတွက် ဘတ်ဂျက်ငွေ ဗီယက်နမ်ဒေါင် ၅ဝ.၇ ထရီလီယံ ( အမေရိကန်ဒေါ်လာ ၂.၂၇ ဘီလီယံ) ပေးအပ်ခဲ့ကြောင်း နိုင်ငံပိုင် VNA သတင်းဌာနက သြဂုတ် ၁၂ ရက်တွင် ရေးသားဖော်ပြသည်။
ပက်ထရိုဗီယက်နမ်ကုမ္ပဏီ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Do Chi Thanh က ၎င်းတို့ကုမ္ပဏီအနေဖြင့် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ရေနံစိမ်း တန်ချိန် သန်းပေါင်း ၁ဝ.၃၂ တန် နှင့် သဘာဝဓာတ်ငွေ့၆.၅၆ ဘီလီယံကုဗမီတာကို ထုတ်ယူခဲ့ကြောင်း၊ ဇူလိုင်လ တစ်လထဲတွင် ရေနံစိမ်း တန်ချိန် ၁.၄၁ တန် နှင့် သဘာဝဓာတ်ငွေ့ သန်းပေါင်း ၉၁ဝ ကုဗမီတာထုတ်ယူခဲ့ကြောင်း ပြောသည်။
ရေနံ နှင့် ဓာတ်ဆီ ထုတ်လုပ်မှုတွင် ပက်ထရိုဗီယက်နမ်ကုမ္ပဏီအနေဖြင့် ပထမ ၇ လတွင် တန်ချိန် ၃.၉၆ သန်း ထုတ်ယူခဲ့ကြောင်း ၊ ဇူလိုင်လအတွင်း ၅၈၄,၄ဝဝ တန်ထုတ်ယူခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ရေနံစိမ်းဈေးကွက်၌ ဈေးကျဆင်းနေလင့်ကစား ၎င်းတို့ကုမ္ပဏီအနေဖြင့် ယခုနှစ်အတွက်ရည်မှန်းထားသည့် ပမာဏအထိ ထုတ်လုပ်သွားရန် မျှော်လင့်ထားကြောင်း Thanh က ဆိုသည်။၂ဝ၁၅ ခုနှစ်တွင် ပက်ထရိုဗီယက်နမ်သည် အမြတ်ငွေ ဗီယက်နမ်ဒေါင် ၅ဝ၆.၁ ထရီလီယံ(အမေရိကန်ဒေါ်လာ ၂၅.၁၂ ဘီလီယံ) ရရှိခဲ့ကြောင်း ၊ နှစ်စဉ်မျှော်မှန်းထားသည့် ၁၄ ရာခိုင်နှုန်းတိုးတက်မှုကို ကျော်၍ ဝင်ငွေရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၎င်းတို့ကုမ္ပဏီအနေဖြင့် ၂ဝ၁၅ ခုနှစ်တွင် နိုင်ငံတော်အတွက် ဘတ်ဂျက်ငွေ ဗီယက်နမ်ဒေါင် ၁၁၅.၁ ထရီလီယံ ( အမေရိကန်ဒေါ်လာ ၅.၁၆ ဘီလီယံ) ထောက်ပံ့နိုင်ခဲ့ကြောင်းနှင့် နှစ်စဉ်ရည်မှန်းထားသည့် ၁၉.၈ ရာခိုင်နှုန်းပမာဏကို ကျော်ဖြတ်နိုင်ခဲ့ကြောင်းသိရသည်။
၂ဝ၁၆ ခုနှစ်တွင် ပက်ထရိုဗီယက်နမ်သည် ရေနံနှင့်သဘာဝဓာတ်ငွေ့မှ အမြတ်ငွေ ဗီယက်နမ်ဒေါင် ၅၁၃.၃ ထရီလီယံ( အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံကျော်) မျှော်မှန်းထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.