Connect with us

Asia

ဗီယက်နမ် တွင် ပြုလုပ်သော ဂီတဖျော်ဖြေပွဲတစ်ခု ၌ လူ ၇ဦး သေဆုံး

ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမြို့ တွင် စက်တင်ဘာ ၁၆ ရက်ည က ပြုလုပ်ခဲ့သော“Trip to the Moon” ဂီတပွဲတော် အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမြို့ တွင် စက်တင်ဘာ ၁၆ ရက်ည က ပြုလုပ်သော ဂီတဖျော်ဖြေပွဲတစ်ခု ၌ မူးယစ်ဆေးအလွန်အကျွံသုံးစွဲမှုကြောင့် လူ ၇ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်းမီဒီယာက စက်တင်ဘာ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။

ဗီယက်နမ်အီလက်ထရောနစ်ရက်သတ္တပတ် အမည်ရှိ အီလက်ထရောနစ်ဂီတပွဲတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော Tay Ho ခရိုင်ရှိ ရေပန်းဥယျာဉ်တွင် ကျင်းပသော “Trip to the Moon” ဂီတပွဲတော် သို့ လာရောက်ခဲ့သူများအနက် အနည်းဆုံး လူ ၈ဦးကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း VnEspress အွန်လိုင်း သတင်းစာ က ခရိုင်အကြီးတန်းတာဝန်ရှိသူများ၏ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

တာဝန်ရှိသူများက စက်တင်ဘာ ၁၇ရက် နံနက်ပိုင်းတွင် လူ ၇ဦးသေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

ခေတ်မီ စတိတ်စင်သုံးခု ပါဝင်သော အဆိုပါ ဂီတပွဲတော်သို့ လူထောင်ချီလာရောက်ခဲ့ကြောင်း သိရသည်။

ပရိသတ်တစ်ချို့မှာ ဆေးရုံ၌ပင် ရှိနေသေးပြီး ဒေသခံရဲတပ်ဖွဲ့က ၎င်းတို့အား ဂီတပွဲတော်၌ မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲခဲ့သည်ဟု သံသယ ရှိနေကြောင်း The Phong (Pioneer) အွန်လိုင်းသတင်းစာ က ခရိုင်အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ဖော်ပြခဲ့သည်။ (Xinhua)