Connect with us

Asia

ဗီယက်နမ် သတင်းစာ အယ်ဒီတာချုပ် လောင်းကစားမှုဖြင့် ထိန်းသိမ်းခံရ

ဗီယက်နမ်နိုင်ငံရှိ ကာစီနိုဝိုင်း တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ အလုပ်သမား၊ မသန်စွမ်းများနှင့် လူမှုရေးရာဝန်ကြီးဋ္ဌာန လက်အောက်ရှိ အလုပ်သမားနှင့် လူ့အဖွဲ့အစည်း (Lao Dong & Xa Hoi) သတင်းစာ အယ်ဒီတာချုပ် ငုယင် တန် ဖုန်သည် လောင်းကစားမှုဖြင့် ထိန်းသိမ်းခြင်းခံထားရကြောင်း ဟနွိုင်း ရဲတပ်ဖွဲ့က အောက်တိုဘာလ ၂၈ ရက်က ပြောကြားလိုက်သည်။

ဒေသဆိုင်ရာ စုံစမ်းစစ်ဆေးရေး အေဂျင်စီအဆိုအရ အဆိုပါ အယ်ဒီတာချုပ်၏ လောင်းကစားမှုသည် အတွေးအခေါ်၊ အကျင့်သိက္ခာနှင့် လူနေမှုဘဝ အဆင့်အတန်းအား နိမ့်ကျစေခြင်းတို့ကို ပြသပြီး ပြင်းထန်သည့် အမှု တစ်ခု ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ၎င်းအား အယ်ဒီတာချုပ် ရာထူးမှ ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံတွင် အစိုးရ လိုင်စင်ရ ကာစီနိုများမှလွဲ၍ လောင်းကစားမှုပြုခြင်းသည် တရားမဝင်ကြောင်း၊ ယင်း ဥပဒေအား ချိုးဖောက်သည့် တစ်စုံတစ်ယောက်အား တွေ့ရှိပါက ပြင်းထန်သော ဒဏ်ကြေး သို့မဟုတ် ထောင်ဒဏ်ချမှတ်ခြင်း ခံရမည် ဖြစ်သည်။ လိုင်စင်ရ ကာစီနိုများသို့ နိုင်ငံခြား ပတ်စပို့ ကိုင်ဆောင်ထားသူများ ဝင်ရောက်ခွင့် ကန့်သတ်ထားကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117