Connect with us

Asia

အိန္ဒိယသမ္မတ လာရောက်လည်ပတ်မည်ဟု နီပေါကြေညာ

အိန္ဒိယနိုင်ငံသမ္မတ ပရာနပ် မူခါဂျီအားတွေ့ရစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ၊ အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံသမ္မတ ပရာနပ် မူခါဂျီ သည် နီပေါနိုင်ငံသမ္မတ Bidya Devi Bhandari ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၂ မှ ၄ရက်အထိ နီပေါနိုင်ငံသို့ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း နီပေါနိုင်ငံ က အောက်တိုဘာ ၂၉ရက်တွင်ပြောကြားခဲ့သည်။

ဤခရီးက ၁၈နှစ်ကြာခန့်နှစ်နိုင်ငံအကြား ခေါင်းဆောင်များ အပြန်အလှန် လည်ပတ်မှုမှရှိခဲ့ပြီးနောက် နီပေါနိုင်ငံသို့ ပထမဆုံးအကြိမ် အိန္ဒိယသမ္မတ တစ်ဦး လာရောက် လည်ပတ်ခြင်း ဖြစ်ပြီး ၁၉၉၈ခုနှစ် မေလ တွင် နီပေါနိုင်ငံ သို့ အိန္ဒိယ သမ္မတ K. R. Narayanan နောက်ဆုံးလာရောက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂ရက်တွင် ရောက်ရှိလာမည့် အိန္ဒိယ သမ္မတအား နီပေါနိုင်ငံသမ္မတ Bhandari က Tribhuvan အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုသွားမည်ဖြစ်ကြောင်း နီပေါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

နီပေါနိုင်ငံခရီးစဉ်အတွင်း မူခါဂျီသည် Bhandari နှင့်တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် နိုဝင်ဘာ ၃ရက်တွင် မူခါဂျီသည် နီပေါနိုင်ငံရှိ အမြင့်မြတ်ဆုံး ဟိန္ဒူဘုရားကျောင်း Pashupatinath ၌ ဝတ်ပြုဆုတောင်းမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

နီပေါနိုင်ငံ မြို့တော်ခတ္တမန္ဒူမြို့အပြင် အိန္ဒိယသမ္မတသည် ၎င်း၏ နီပေါခရီးစဉ်နောက်ဆုံးနေ့၌ အခြားထင်ရှားသည့် မြို့ နှစ်မြို့ဖြစ်သည့် Janakpur မြို့ နှင့် Pokhara မြို့များသို့ လည်ပတ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.