Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရုတ်နိုင်ငံမှ ဆေးများ ရောက်ရှိလာပြီးနောက် COVID-19 ကာကွယ်ဆေးထိုးနှံမှု စာရင်းပေးသွင်းခြင်း ပြန်လည်စတင်

ဒါကာ ၊ ဇွန် ၁ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် တရုတ်နိုင်ငံမှ ဆေးများ ထပ်မံရောက်ရှိလာခဲ့ပြီးနောက် COVID-19 ကာကွယ်ဆေး ထိုးနှံရန်အတွက် စာရင်းပေးသွင်းခြင်းကို ပြန်လည်စတင်မည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး Zahid Maleque က မေ ၃၁ ရက်တွင် ကြေညာခဲ့သည်။အိန္ဒိယနိုင်ငံမှ တင်ပို့မှုများ ရောက်ရှိရန် ကြန့်ကြာနေချိန်တွင် ကာကွယ်ဆေး ပြတ်တောက်သွားခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မေလတွင် ကာကွယ်ဆေး ထိုးနှံရေး စာရင်းပေးသွင်းခြင်းအစီအစဉ်ကို ဆိုင်းငံ့ခဲ့ကြောင်း သိရသည်။

ယင်းအခြေအနေတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် မေ ၂၇ ရက်တွင် တရုတ်နိုင်ငံမှ COVID-19 ကာကွယ်ဆေး အသုတ်တစ်သုတ်အား ဝယ်ယူရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ ခွင့်ပြုချက်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် မေ ၂၅ ရက်တွင် ဆေးကျောင်းသားများအား တရုတ်နိုင်ငံမှ လှူဒါန်းသော COVID-19 ကာကွယ်ဆေးများ ထိုးနှံမှု စတင်ခဲ့ပြီးနောက် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ထိပ်တန်းဦးဆောင် ဆေးပညာကောလိပ် လေးခုမှ ဆေးကျောင်းသား ၁,၀၀၀ ခန့်သည် COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှုခံယူခဲ့ပြီး တရုတ်နိုင်ငံက လှူဒါန်းသော ကာကွယ်ဆေး ပထမသုတ်အတွက် ကျေးဇူးတင်ခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆေးဝါးကြီးကြပ်ရေးအဖွဲ့က ဧပြီလနှောင်းပိုင်းတွင် Sinopharm COVID-19 ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန်အတွက် ခွင့်ပြုခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ထောက်ပံ့မှုနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ရောက်ရှိနေသော တရုတ်နိုင်ငံသားများအား ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်ကို မေ ၂၉ ရက်တွင် တရုတ်နိုင်ငံ၏ “Spring Sprout” ကာကွယ်ဆေးအစီအစဉ်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မေ ၃၁ ရက်တွင် COVID-19 လူနာသစ် ၁,၇၁၀ ဦး နှင့် သေဆုံးသူ ၃၆ ဦး ရှိပြီး COVID-19 လူနာပေါင်း ၈၀၀,၅၄၀ ဦး နှင့် သေဆုံးသူပေါင်း ၁၂,၆၁၉ ဦးထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ဆောင်မှုများဦးစီးဌာန(DGHS)က ပြောကြားခဲ့သည်။ (Xinhua)

——————————————————
(English Version)

Bangladesh to resume COVID-19 vaccine registration after Chinese doses arrive

DHAKA, May 31 (Xinhua) — The Bangladeshi government will resume registration for COVID-19 vaccination after more doses reached the country from China, Health Minister Zahid Maleque announced Monday.

Due to the vaccine shortage in the country amid a delay in the arrival of shipments from India, Bangladesh suspended the registration for jabs in May.
Against this backdrop, the Bangladeshi government on May 27 approved the purchase of a batch of COVID-19 vaccines from China.

The approval came after Bangladesh began administering the China-donated COVID-19 vaccines to its medical students last Tuesday.
About 1,000 medical students from the country’s four top leading medical colleges took their first shot of the COVID-19 vaccine thanks to the first batch of China-donated vaccines.
Bangladesh’s drug regulator in late April authorized the Sinopharm COVID-19 vaccine for emergency use.

Also with the support of the Bangladeshi government, China’s “Spring Sprout” vaccine program was launched last Saturday to inoculate Chinese nationals living in Bangladesh.

Bangladesh reported 1,710 new COVID-19 cases and 36 new deaths on Monday, making the tally at 800,540 and death toll at 12,619, the Directorate General of Health Services (DGHS) said. Enditem