Connect with us

Asia

ဘန်ကောက်တွင် ဗုံးပေါက်ကွဲမှုများအား အရေးပေါ်စုံစမ်းစစ်ဆေးရန် ထိုင်း ဝန်ကြီးချုပ် ညွှန်ကြား

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာအား တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နေရာများစွာတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့မှုအပေါ် အရေးပေါ် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရန် ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာ (Prayut Chan-o-cha) က ညွှန်ကြားထားကြောင်း အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက သြဂုတ်လ ၂ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ ပေါက်ကွဲမှုအပေါ် အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်းနှင့် လုံခြုံရေးအား တင်းကြပ်စွာထားရှိကြောင်း ပရာယွတ်က ပြောခဲ့ပြီး ပြည်သူများအနေဖြင့် ပုံမှန်မဟုတ်သော အခြေအနေ တစ်ခုခုကြုံတွေ့ရပါက တာဝန်ရှိသူများအား ချက်ချင်း အကြောင်းကြားရန် မေတ္တာရပ်ခံခဲ့သည်။

ယနေ့နံနက်ပိုင်းက အစိုးရအဆောက်အအုံများနှင့် စီးပွားရေးအချက်အချာကျသောနေရာရှိ မိုးပျံရထားဘူတာ အနီး အပါအဝင် ဘန်ကောက်မြို့နေရာများစွာ၌ ဗုံးပေါက်ကွဲမှု လေးခုဖြစ်ပွားခဲ့ကြောင်း သတင်းများကဆိုသည်။

ထိုပေါက်ကွဲမှုများမှ လူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က သံသယရှိသူ ၂ ဦးအား ဖမ်းမိထားကြောင်း သတင်းများအရ သိရသည်။

ဆူပူအုံကြွမှုဖန်တီးရန် ရည်ရွယ်ချက်ဖြင့် စစ်သွေးကြွများက ပေါက်ကွဲမှုအား လုပ်ဆောင်ခဲ့ဖွယ်ရှိကြောင်း သတင်းများက ဖော်ပြထားသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဇူလိုင်လ ၂၈ ရက်ကတည်းက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ပြုလုပ်နေခြင်းဖြစ်သည်။ (Xinhua)