Connect with us

Asia

မလေးရှားနိုင်ငံဝန်ကြီးချုပ်ဟောင်း နာဂျစ်အား တရားရုံး၌ တရားစွဲ

မလေးရှားနိုင်ငံဝန်ကြီးချုပ်ဟောင်း နာဂျစ်အားတွေ့ ရစဉ်(ဆင်ဟွာ)

ကွာလာလမ်ပူ ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

မလေးရှားနိုင်ငံ အစိုးရရှေ့နေများက ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ကို နိုင်ငံပိုင်ရံပုံငွေကို အလွဲသုံးစားပြု၍ ယုံကြည်မှုကို ဖောက်ဖျက်မှုသည့် ပြစ်မှုဖြင့် ယနေ့ဇူလိုင် ၄ ရက်တွင် တရားစွဲဆိုလိုက်ကြောင်း သိရသည်။

မလေးရှားအစိုးရရှေ့နေများက နာဂျစ်အား နိုင်ငံ့ဝန်ကြီးချုပ် ၊ ဘဏ္ဍာရေး ဝန်ကြီး နှင့် ကုမ္ပဏီအကြံပေးစသည့် ပြည်သူ့ဝန်ထမ်း (သို့မဟုတ်) အေဂျင့်တစ်ဦးအနေဖြင့် SRC နိုင်ငံတကာမှ နိုင်ငံပိုင်1MDB ရံပုံငွေကို ၎င်း၏ကိုယ်ပိုင်ဘဏ်အကောင့်ထဲသို့မလေးရှားရင်းဂစ်ငွေ ၄၂ သန်း ( အမေရိကန်ဒေါ်လာ ၁ဝ.၅ သန်း) လွှဲပြောင်းရယူခြင်း ရာဇဝတ်ပြစ်မှုသုံးခုကို ကျူးလွန်ခဲ့မှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

နာဂျစ်သည် မလေးရှားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအောက်တွင် ၎င်း၏ရာထူး သြဇာမလျော်သုံးစွဲမှုဖြင့်လည်း စွပ်စွဲခံထားရသည်။ ပြစ်မှုတစ်ခုချင်းစီအတွက် အမြင့်ဆုံးထောင်ဒဏ် အနှစ် ၂ဝ နှင့် ငွေဒဏ်လည်း ပေးဆောင်ရနိုင်ကြောင်း သိရသည်။

နာဂျစ်ကို ဇူလိုင် ၃ ရက်တွင် မလေးရှားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးက ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်။ ၎င်းအနေဖြင့်မည်သည့်အမှားအယွင်းမှ ကျူးလွန်ထားခြင်းမရှိကြောင်း နာဂျစ်က ငြင်းဆိုထားသည်။ ၎င်း၏ပြောရေးဆိုခွင့်ရှိသူက လက်ရှိ နာဂျစ်အပေါ် လုပ်ဆောင်နေသည့် စုံစမ်းစစ်ဆေးမှုများမှာ “ နိုင်ငံရေး အရလုပ်ဆောင်ခြင်း” သာဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်းအနေဖြင့် “ တရားခွင်မှာ အပြစ်ကင်းကြောင်း ပြပါလိမ့်မယ်” ဟု ဆိုခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.