Connect with us

Asia

ထိုင်းလူငယ် ဘောလုံးသမားများကို လုံခြုံသောနေရာဆီသို့ သယ်ဆောင်ရန် ကယ်ဆယ်ရေးသမားများ စီစဉ်


ချင်းရိုင်၊ ဇွန် ၃ ရက် (ဆင်ဟွာ)

ကယ်ဆယ်ရေးသမားများသည် ထိုင်းနိုင်ငံ မြောက်ပိုင်း ဂူအတွင်း ဆယ်ရက်ကျော်ကြာ ပိတ်မိနေသော ယောကျ်ားလေး ၁၂ ယောက်နှင့် ၎င်းတို့၏ နည်းပြအား ဇွန်လ ၃ ရက် ညလယ်ပိုင်းတွင် ဂူအတွင်း လုံခြုံသည့် နေရာသို့ ခေါ်ဆောင်သွားမည် ဖြစ်ပြောင်း ကယ်ဆယ်ရေးသမားတစ်ဦးက ဇွန်လ ၃ ရက်တွင် ပြောကြားလိုက်သည်။

နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များက ထိုလူငယ်များအား ရေငုပ်ကာ ဂူအပြင်သို့သယ်ဆောင်နိုင်ရန် စီစဉ်ထားခဲ့ကြောင်း တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဝမ်ယင်ကျဲ့က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

၎င်းတို့သည် ရေလွှမ်းနေသည့် လိုဏ်ခေါင်းတစ်လျှောက် ကယ်ဆယ်ရေးကြိုးများနှင့် အောက်ဆီဂျင်အိုးများကို ချထားသည်ဟု ဆိုသည်။

ကယ်ဆယ်ရေးအစီအစဉ်များတွင် တွဲဖက်လုပ်ဆောင်နေသည့် ဝမ်က ဂူအတွင်း ဆယ်ရက်ကြာ အစာမစားရဘဲ ပိတ်မိနေသည့် ယောကျ်ားလေးများနှင့် ၎င်းတို့၏ နည်းပြထံသို့ ရေငုပ်ကျွမ်းကျင်သူများက အစားအသောက်နှင့် ဓာတ်ဆားများကို ပို့လွှတ်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ဂူအတွင်း ပိတ်မိနေသော ဘောလုံးသမားများနှင့် ၎င်းတို့၏ နည်းပြအား ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကယ်ဆယ်ရေးအစီအစဉ်အရ ဂူအတွင်း ကယ်ဆယ်ရေးစခန်းအဖြစ် ပြုလုပ်ထားသည့် ဘေးကင်းရာနေရာသို့ ထို ယောကျ်ားလေးများ ရောက်ရှိစေရန် ရေငုပ်သမားများက ကူညီပို့ဆောင်ပေးမည် ဖြစ်သည်။

ဝမ်၏ အဆိုအရ ရေအောက်က အခြေအနေမှာ ရှုပ်ထွေးနေကြောင်း အဆိုပါ ယောကျ်ားလေး တစ်ယောက်စီကို ရေငုပ်သမားနှစ်ယောက်၏ အကူအညီဖြင့် ပို့ဆောင်ပေးရမည် ဖြစ်ကြောင်း ယင်းခရီးတစ်ခုမှာ အချိန် အနည်းဆုံး ၂ နာရီယူရမည်ဖြစ်ကြောင်း သိရသည်။

ရေငုပ်သမားများသည် ကျဉ်းမြောင်းသည့် လမ်းကြောင်းနှင့် မှောင်မိုက်သော ရေများကို ဖြတ်ကျော်ကာ ဘောလုံးသမားလေး ၁၂ ယောက်နှင့် ၎င်းတို့၏ နည်းပြအား ဇွန်လ ၂ ရက်ညပိုင်းက တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းနေရာသည် ဂူဝမှ ၄ ကီလိုမီတာ ကွာဝေးကြောင်း သိရသည်။

ထို ၁၃ ဦးလုံးမှာ ဖျားနာခြင်း၊ ဒဏ်ရာရရှိခြင်း မရှိဘဲ အခြေအနေကောင်းမွန်ကြောင်း ချင်းရိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး Narongsak Osotthanakorn က ပြောကြားခဲ့သည်။

ထို့ပြင် ကယ်ဆယ်ရေးလုပ်ငန်းတွင် ကူညီပေးခဲ့သော ဗြိတိန်၊ အမေရိကန်၊ တရုတ်၊ သြစတြေးလျ၊ လာအိုနှင့် မြန်မာနိုင်ငံတို့အား ကျေးဇူးတင်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.