Connect with us

Asia

မလေးရှားနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ဒုတိယကမ္ဘာစစ်က ဗုံးကြောင့် လူ တစ်ဦး သေဆုံး

မလေးရှားနိုင်ငံရှိ မြေအောက်ရထားလမ်း ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကွာလာလမ်ပူ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူမြို့ရှိ မြေအောက်ရထားလမ်း ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုတွင် အောက်တိုဘာလ ၁၀ ရက်က ဒုတိယ ကမ္ဘာစစ် ဗုံး တစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ တစ်ဦး သေဆုံးခဲ့၍ နိုင်ငံခြားသား အလုပ်သမား နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာလ ၁၁ ရက်၌ အတည်ပြု ပြောကြားလိုက်သည်။

“ကနဦး စုံစမ်းစစ်ဆေးမှုအရ ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်နေစဉ် ဒုတိယကမ္ဘာစစ်က ဗုံးဟောင်း တစ်လုံးက ရုတ်တရက် ပေါက်ကွဲခဲ့တာ ဖြစ်တယ်” ဟု မလေးရှားနိုင်ငံ ကွာလာလမ်ပူ ရဲချုပ် Amar Singh ၏ ပြောကြားချက်အား ကိုးကား၍ နိုင်ငံပိုင် ဘနားမား သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

အဆိုပါ မတော်တဆမှုမှာ မလေးရှားနိုင်ငံ လေတပ် အခြေစိုက် နေရာဟောင်းဖြစ်သော Bandar Malaysia ရှိ Mass Rapid Transit ဘူတာရုံတွင် ဒေသစံတော်ချိန် ညနေ ၅း၀၀ နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဒေသခံ မီဒီယာ၏ ဖော်ပြချက်အရ ဘင်္ဂလားဒေ့ရှ် အလုပ်သမား သုံးဦးအနက် တစ်ဦးမှာ ဆေးရုံသို့ ပို့ဆောင်ပြီးနောက် သေဆုံးခဲ့ပြီး အခြားသူ နှစ်ဦးမှာလည်း ခြေထောက်များ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.