Connect with us

Asia

မလေးရှား ရဟတ်ယာဉ် ပျက်ကျ ခြင်းကြောင့် လူ ၆ ဦးသေဆုံး

မလေးရှား နိုင်ငံ အရှေ့တောင်ပိုင်းတွင် ပျက်ကျခဲ့သော ရဟတ်ယာဉ် အပျက်အစီး အပိုင်းအစ များအားတွေ့ ရစဉ်(ဆင်ဟွာ)

ကွာလာလမ်ပူ ၊ ဧပြီ ၄ ရက်

မလေးရှား အစိုးရ အရာရှိ ၂ ဦး အပါအဝင် လူ ၆ ဦး ပါဝင်သည့် ရဟတ်ယာဉ် တစ်စီး ဧပြီလ (၄) ရက်၌ ကွာလာလမ်ပူ အရှေ့တောင်ဘက် ဆင်ခြေဖုံးတွင် ပျက်ကျ ခဲ့ကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီး ဒေါက်တာ Ahmad Zahid Hamidi အတည်ပြု ပြောကြား ခဲ့သည်။

၎င်း ရဟတ်ယာဉ် ပေါ်တွင် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးနှင့် အမေရိကန် နိုင်ငံဆိုင်ရာ အထူး သံတမန်ဟောင်း Jamaluddin Jarjis တို့ အပါအဝင် လူ ၆ ဦး စီးနင်းလိုက်ပါ လာကြောင်း ၎င်းက ပြောကြား ခဲ့သည်။

ရဟတ်ယာဉ်သည် ကွာလာလမ်ပူမြို့၏ အရှေ့တောင်ဘက် ကီလိုမီတာ ၄၀ တွင် ရှိသည့် Semenyih တွင် ပျက်ကျ ခဲ့သည်။ တခြား သေဆုံးသူများမှာ စီးပွားရေး လုပ်ငန်းရှင် Robert Tan ၊ ဝန်ကြီးချုပ်ရုံးမှ အထွေထွေ အတွင်းရေးမှူး Azlin Alias၊ လေယာဉ်မှူး၊ လက်ထောက် လေယာဉ်မှူးနှင့် ကိုယ်ရံတော်တို့ ဖြစ်ကြောင်း ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.