Connect with us

Asia

မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေး ထူထောင်ပြီး ၁၅ နှစ်အကြာ တရုတ်နိုင်ငံက အာဆီယံ၏ အယုံကြည်ရဆုံး မိတ်ဖက်နိုင်ငံဖြစ်လာ

တရုတ်နိုင်ငံရှိ ကုန်သေတ္တာတင်ဆိပ်ကမ်းတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ၊ နိုဝင်ဘာ ၁၄ ၇က် (ဆင်ဟွာ)

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နှင့် တရုတ်နိုင်ငံတို့သည် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေး ထူထောင်ကာ နယ်ပယ်စုံ၌ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ကြပြီး လွန်ခဲ့သော ၁၅ ကစ၍ တရုတ်နိုင်ငံက အာဆီယံ၏ အယုံကြည်ရဆုံး မိတ်ဖက်နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပေသည်။

အဆိုပါ နှစ်များအတွင်း အပြန်အလှန် အကျိုးကျေးဇူးရှိသော ပူးပေါင်းဆောင်ရွက်မှုပေါ် အခြေခံထားသော လျင်မြန်စွာ၊ တောင့်တင်းစွာ ဖွံ့ဖြိုးတိုးတက်မှုရှိသည့် အာဆီယံ-တရုတ် ဆက်ဆံရေးသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ကြွယ်ဝချမ်းသာရေးအတွက် အရေးပါသော အထောက်အကူများ ရှိခဲ့သည်။

အာဆီယံ-တရုတ် ဆွေးနွေးဖက် မိတ်ဖက်ဆက်ဆံရေးသည် “တက်ကြွမှုအရှိဆုံးနှင့် ခြေခြေမြစ်မြစ်အရှိဆုံး” ဖြစ်ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ် Lim Jock Hoi က ပြောခဲ့သည်။

ကုန်သွယ်မှု တိုးတက်ခြင်း

ရင်းနှီးသည့် အိမ်နီးချင်းတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ အာဆီယံ ဈေးကွက် ပေါင်းစည်းမှုမှ တရုတ်နိုင်ငံက အကျိုးကျေးဇူးများ ရရှိနေသလို လျင်မြန်စွာ တိုးတက်နေသော တရုတ်နိုင်ငံ စီးပွားရေး အသီးအပွင့်များကိုလည်း အာဆီယံအား ဝေမျှပေးနေသည်။

တရုတ်နိုင်ငံနှင့် အာဆီယံ နိုင်ငံများအကြား ကုန်သွယ်မှုတန်ဖိုးသည် ၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၁၄.၈ ဘီလီယံအထိ မြင့်တက်ခဲ့ကြောင်း၊ ၂၀၀၃ ခုနှစ်ကထက် ခြောက်ဆကျော် မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ တရုတ်နိုင်ငံသည် ကိုးနှစ်ဆက်တိုက် အာဆီယံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်နေပြီး အာဆီယံက တရုတ်နိုင်ငံ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်အဖြစ် ၇ နှစ်တာကာလအထိ ရှိနေခဲ့သည်။

အာဆီယံနိုင်ငံများထံ တရုတ်နိုင်ငံ၏ တင်ပို့မှုသည် ၂၀၁၇ ခုနှစ်တွင် ၂၇၉.၁ ဘီလီယံအထိရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၉ ရာခိုင်နှုန်းတိုးလာခဲ့သလို သွင်းကုန်သည်လည်း တစ်နှစ်ထက်တစ်နှစ် ၂၀ ရာခိုင်နှုန်း တိုးလာကာ အမေရိကန်ဒေါ်လာ ၂၃၅.၇ ဘီလီယံရှိခဲ့သည်။

နှစ်ဦးနှစ်ဘက် ရင်းနှီးမြှုပ်နှံမှု အဆင့်ဆင့်လုပ်ဆောင်လာခဲ့မှုကလည်း အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယအထိ ရှိလာခဲ့ကြောင်း၊ အာဆီယံ ဈေးကွက်တွင် တရုတ် ကုမ္ပဏီ ၄,၀၀၀ ကျော် စီးပွားရေးလုပ်ငန်းများ အခြေချခဲ့ကာ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်း ၃၀၀,၀၀၀ ကျော် ဖန်တီးပေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

အာဆီယံ အတွင်းရေးမှူးချုပ် Lim က ဆင်ဟွာနှင့် တွေ့ဆုံမေးမြန်းစဉ်တွင် “တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုက လက်ရှိ ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံးနေရာမှာရှိပါတယ်။ ပြီးတော့ တရုတ်စီးပွားရေးက အာဆီယံအပါအဝင် ဒေသတွင်းအလုံးစုံတိုးတက်မှုကို ကြီးကြီးမားမား အထောက်အကူဖြစ်စေတယ်” ဟု မှတ်ချက်ပြုခဲ့သည်။

ထို့ပြင် ပြည်သူ့ကျန်းမာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ပညာရေး၊ ယဉ်ကျေးမှု၊ အလုပ်သမားနှင့် လူမှုရေး လုံခြုံမှု၊ ဒေသဆိုင်ရာအစိုးရများနှင့် ပြည်သူအချင်းချင်း ဖလှယ်ရေးများ၊ မီဒီယာ၊ လူငယ်၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှု၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် အခြားနယ်ပယ်များ၌ အတူတကွ လုပ်ဆောင်ခြင်းဖြင့် လူမှု-ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး တိုးတက်မှုခြေလှမ်းများ လုပ်ဆောင်နိုင်ခဲ့ကြောင်း အာဆီယံ အထွေထွေအတွင်းရေးမှူးက ပြောကြားခဲ့သည်။

အပြန်အလှန်ယုံကြည်မှု

လွန်ခဲ့သည့် ၁၅ နှစ်တာကာလအတွင်း တရုတ်နိုင်ငံသည် အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေး အပါအဝင် အာဆီယံ၏ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကို ထောက်ပံ့ပေးခဲ့သည်။

အာဆီယံများ၌ သဘာဝဘေးအန္တရာယ် ဖြစ်ပွားခဲ့ချိန်တွင် တရုတ်နိုင်ငံက ကူညီပေးခဲ့ခြင်း၊ အပြန်အလှန် ယုံကြည်မှုအပေါ် မူတည်ခဲ့သော ၂၀၀၈ ခုနှစ်က ဘဏ္ဍာရေး အကျပ်အတည်းအတွင်း နှစ်ဦးနှစ်ဖက်အကြား နီးကပ်စွာ စေ့စပ်ညှိနှိုင်းပေးခြင်းများလည်း လုပ်ဆောင်ခဲ့ပေသည်။

ထို့ပြင် တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် ထိလွယ်ရှလွယ်သော ကိစ္စရပ်များနှင့် အငြင်းပွားမှုများအား ဆွေးနွေးမှုနှင့် စေ့စပ်ညှိနှိုင်းမှုများမှတစ်ဆင့် ကိုင်တွယ်သွားကြရန် သဘောတူထားကြသည်။ ပြီးခဲ့သည့် သြဂုတ်လက တောင်တရုတ်ပင်လယ်အတွင်း အပြုအမူဆိုင်ရာ သတ်မှတ်ချက် (COC) ညှိနှိုင်းရေး မူကြမ်းအဆင့်သို့ တရုတ်နိုင်ငံနှင့် အာဆီယံတို့ ရောက်ရှိခဲ့ပြီး COC စေ့စပ်ညှိနှိုင်းမှုများ၏ အရေးပါသော နောက်ထပ် တိုးတက်မှုတစ်ခုလည်း ဖြစ်သည်။

“အာဆီယံဗဟိုပြုမှုအပေါ် တရုတ်နိုင်ငံရဲ့ ထောက်ပံ့မှုကို အာဆီယံက ကျေးဇူးတင်ပါတယ်။ ပြီးတော့ တောင်တရုတ်ပင်လယ်နိုင်ငံများ အပြုအမူဆိုင်ရာ ကြေညာစာတမ်းကို အပြည့်အဝ ထိရောက်စွာ အကောင်အထည်ဖော်ရေးနှင့် အပြုအမူဆိုင်ရာ သတ်မှတ်ချက်ကို ဆောလျင်စွာ အဆုံးသတ်ရေးအား ရှေးရှုကာ တစ်ဦးနဲ့တစ်ဦး နီးကပ်စွာ ဆက်လက်လုပ်ဆောင်သွားကြမှာဖြစ်ပါတယ်” ဟု အာဆီယံ အတွင်းရေးမှူးချုပ် Lim က ဆိုပါသည်။

မျှဝေမှုရှိသော ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ

စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းက အာဆီယံတွင် တံခါးဖွင့်ဝါဒဆီသို့ တိုးတက်မှု ခြေလှမ်းများကို ဆယ်စုနှစ်ကြာ တိုးတက်မှုခြေလှမ်းများ အားထုတ်မှုများ လုပ်ဆောင်ပြီးနောက် ထင်ရှားသော အောင်မြင်မှုများကို လုပ်ဆောင်နိုင်ခဲ့ကြောင်းပြောကြားခဲ့ပြီး နက်ရှိုင်းသော စီးပွားရေး ပေါင်းစည်းမှုအတွက် “မဆုတ်မနစ် လုပ်ဆောင်ရန်” အာဆီယံ အဖွဲ့ဝင်နိုင်ငံများအား နိုဝင်ဘာလ ၁၂ ရက်က တိုက်တွန်းပြောကြားလိုက်သည်။

တရုတ်နိုင်ငံက ၎င်းတို့၏ ဈေးကွက် ပိုမိုတံခါးဖွင့်ရန်နှင့် လူဦးရေ ၃ ဘီလီယံကို ခြုံငုံမိစေမည့် ပြည်တွင်း အသားတင်ထုတ်ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၁ ထရီလီယံဖြင့် ဒေသဆိုင်ရာ ဘက်စုံ စီးပွားရေး မိတ်ဖက်ဆက်ဆံရေး (RCEP) ဆွေးနွေးညှိနှိုင်းမှု အရှိန်မြှင့်တင်ရန် အာဆီယံနှင့်အတူ လက်တွဲလုပ်ဆောင်သွားမည်ဟု ကတိပြုထားခဲ့သည်။

တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသည် အာဆီယံနှင့်ဆက်ဆံရေးဆိုင်ရာ ကာလလတ်မှ ကာလရှည် စီမံချက်များ ပြုလုပ်ရန် ပထမဆုံး ဆွေးနွေးဖက်နိုင်ငံဖြစ်ရန် မျှော်လင့်ထားသည်ဟု ဆိုသည်။

“တရုတ်-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေး ၂၀၃၀ မျှော်မှန်းချက်” အပေါ် နှစ်ဘက်လုံးမှ သဘောတူညီမှုရရှိထားပြီး ယင်းကို နိုဝင်ဘာလ ၁၄ ရက်တွင် ကျင်းပမည့် ၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ (10+1) ခေါင်းဆောင်များ အစည်းအဝေး၌ အတည်ပြုနိုင်မည်ဟု မျှော်မှန်းထားကြောင်း အာဆီယံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Huang Xilian ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.