Connect with us

Asia

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံက ဂူအတွင်း ပိတ်မိကာ ပျောက်ဆုံးနေသော လူငယ်များကို ရှာဖွေမှု အတားအဆီးဖြစ်

ထိုင်းနိုင်ငံ Tham Luang ဂူအတွင်း ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ပြည်နယ်တွင် ဂူအတွင်း ပျောက်ဆုံးနေသော လူငယ်ဘောလုံးသမားများအား မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ ကယ်ဆယ်ရေးအဖွဲ့များက ငါးရက်မြောက်နေ့အထိတိုင်အောင် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေသော်လည်း ပျောက်ဆုံးလူငယ်များ၏ တည်နေရာအား မသိရှိရသေးကြောင်း သိရသည်။

အသက် ၁၃ နှစ်မှ ၁၆ နှစ်အကြား ကလေး ၁၂ ယောက်နှင့် အသက် ၂၅ နှစ်အရွယ်နည်းပြတစ်ဦးတို့သည် ဇွန်လ ၂၃ ရက်ညပိုင်းကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂူအဝင်ဝတွင် ဇွန်လ ၂၃ ရက်ညပိုင်းကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂူအတွင်း ရေပြည့်လျှံနေကာ Tham Luang ဂူ၌ ပိတ်မိနေခဲ့ကြသည်။ ယင်းနေ့ညတွင် ဘောလုံးလေ့ကျင့်ရာမှ ၎င်း၏ သားပြန်မလာကြောင်း မိခင်တစ်ဦးက တိုင်ကြားမှုမှတစ်ဆင့် ရှာဖွေရေးလုပ်ငန်းများ စတင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကလေးငယ်များ၏ စက်ဘီးများ၊ ဖိနပ်များနှင့် ကျောပိုးအိတ်များကို ဂူဝင်ပေါက်အနီး တွေ့ရှိခဲ့သည်။ ကလေးများ၏ ခြေရာများနှင့် လက်ရာများ တွေ့ရသည်ဟု ရေငုပ်သမားများက ပြောကြားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ထိုင်း လေတပ်က လျှပ်စစ်ရေစုပ်စက် ၅ လုံးယူဆောင်ကာ ရှာဖွေရေးလုပ်ငန်းကို ပံ့ပို့ပေးခဲ့ကြောင်း၊ ယင်း နည်းလမ်းဖြင့်သာ ဂူအတွင်း စီးဆင်းနေသည့်ရေများကို စုတ်ထုတ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း သတင်းများက ဖော်ပြထားသည်။

ကယ်ဆယ်ရေးအဖွဲ့များက ဂူအတွင်းမှ ရေများကို စုတ်ထုတ်ကာ လူငယ်ဘောလုံးအသင်းသားများ ခိုနားနေနိုင်သည့် နေရာအား ရှာဖွေရန် ကြိုးစားခဲ့ကြောင်း၊ သို့ရာတွင် မိုးသည်းထန်မှုကြောင့် ဂူအတွင်းမှ ရေစီးဆင်းမှုမှာ မြင့်တက်နေသည့်အတွက် လုပ်ငန်းများကို အတားအဆီးဖြစ်စေကြောင်း သိရသည်။

တာဝန်ရှိသူများ၏ ပြောကြားချက်အရ ကယ်ဆယ်ရေးသမားများကို တောင်၏ အခြားတစ်ဖက်နံရံမှ ဂူအတွင်းသို့အပေါက်များအတွင်းမှ ဝင်ရောက်ရေး ရဟတ်ယာဉ်များဖြင့် ချပေးကာ ကြိုးစားခဲ့သော်လည်း မိုးရွာခြင်းနှင့် မြူများပိတ်နေခြင်းကြောင့် မအောင်မြင်ခဲ့ကြောင်း သိရသည်။

ထိုင်းရေတပ်ဆီးလ်တပ်ဖွဲ့ကလည်း ဂူအတွင်းရေလျှံမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အပြင်းအထန်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။ အခြားနိုင်ငံများမှ ရေငုပ်သမားများနှင့် သဘာဝဘေးအန္တရယ် ကျွမ်းကျင်သူများကိုလည်း ရှာဖွေရေးလုပ်ငန်းများကို ကူညီရန် စေလွှတ်ထားသည်ဟု ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.