Connect with us

Asia

မြောက်ကိုရီးယားခေါင်းဆောင်က နျူကလီးယားအလုံးစုံဖျက်သိမ်းရန် ကတိပြုကြောင်းအတည်ပြု

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ် နှင့် တောင်ကိုရီးယားနိုင်ငံ သမ္မတ၏ အထူးကိုယ်စားလှယ်အဖွဲ့ တွေ့ ဆုံစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆိုးလ် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအမ်က မြောက်ကိုရီးယားနိုင်ငံသို့အလည်အပတ်ရောက်ရှိနေသည့် တောင်ကိုရီးယားနိုင်ငံသမ္မတ၏ အထူးကိုယ်စားလှယ်နှင့် ယမန်နေ့က တွေ့ဆုံမှုအပြီးတွင် ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားအလုံးစုံဖျက်သိမ်းရေးဆိုင်ရာ ၎င်း၏ ကတိစကားကို ထပ်မံအတည်ပြု လိုက်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံသမ္မတ အထူးကိုယ်စားလှယ် အမျိုးသားလုံခြုံရေးထိပ်တန်းအကြံပေး Chung Eui-yong ဦးဆောင်သော အဖွဲ့ဝင် ၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်နှင့်တွေ့ဆုံဆွေးနွေးအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ကင်ဂျုံအမ်က ကိုရီးယားကျွန်းဆွယ်နျူကလီးယားကင်းစင်ရေး ၎င်း၏ ကတိကဝတ် နှင့် ကိုရီးယားကျွန်းဆွယ်နျူကလီးယားကင်းစင်ရေးအတွက် တောင်ကိုရီးယား၊ အမေရိကန်နိုင်ငံတို့နှင့်အတူ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

Chung နှင့် ကိုယ်စားလှယ်အဖွဲ့ဝင် လေး ဦးတို့သည် အထူးခရီးစဉ်အဖြစ် မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့သို့သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ခေါင်းဆောင်ကင်ဂျုံအမ် နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင် ၏ သဝဏ်လွှာကိုလည်း ကင်ဂျုံအမ်အားပေးအပ်ခဲ့သည်။

မွန်ဂျေအင် နှင့် ကင်ဂျုံအမ် တို့၏ ထိပ်သီးအစည်းအဝေးကို မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းမြို့၌ စက်တင်ဘာ ၁၈ ရက် မှ ၂ဝ ရက်အထိ ကျင်းပသွားရန် ကိုရီးယားနှစ်နိုင်ငံအကြားသဘောတူညီမှုရရှိခဲ့ကြောင်း Chung က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.