Connect with us

Asia

မြောက်ကိုရီးယားသည် နျူကလီးယားစမ်းသပ်မှု ထပ်မံပြုလုပ်ရန် အသင့်ဖြစ်နေကြောင်း တောင်ကိုရီးယား ပြောကြား

သတင်းဋ္ဌာန၏ ထုတ်ပြန်ချက်တစ်ခုအား ကြည့်ရှုနေသည့် တောင်ကိုရီးယားစစ်သားများအားတွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ စစ်တပ် က မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏ ငါးကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု ပြုလုပ်ပြီးနောက် နောက်ထပ် နျူကလီးယား စမ်းသပ်မှုတစ်ခုပြုလုပ်ရန် အသင့်ဖြစ်နေကြောင်း စက်တင်ဘာ ၁၂ရက်ကပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ Moon Sang-kyun က တောင်ကိုရီးယားနိုင်ငံ နှင့် အမေရိကန်နိုင်ငံ မှ စုံစမ်းထောက်လှမ်းရေးအာဏာပိုင်များ၏ စုံစမ်းခန့်မှန်းချက်များအရ မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏ Punggye-ri နျူကလီးယားစမ်းသပ်မှု ပင်မ နေရာ ၌ နောက်ထပ် နျူကလီးယား စမ်းသပ်မှုလုပ်ဆောင်ရန် အမြဲအသင့်ဖြစ်သည်ကို သိရှိရကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားစမ်းသပ်မှု အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း နှင့် ဆန္ဒရှိပါက ပဲ့ထိန်းဒုံးကျည်များတွင်တပ်ဆင်နိုင်ပြီဖြစ်ကြောင်း စက်တင်ဘာ ၉ ရက်က ကြေညာခဲ့ပြီးနောက် Moon Sang-kyun ၏ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Punggye-ri ရှိ မြေအောင်ဥမင်လှိုဏ်ခေါင်း သုံးခုကို အခြေခံ၍ နျူကလီးယားစမ်းသပ်မှု ထပ်မံလုပ်ဆောင်နိုင်ကြောင်း နှင့် မြောက်ကိုရီးယား၏ မြေအောက် နျူကလီးယားစမ်းသပ်မှုအားလုံးကို အဆိုပါ နေရာ၌ပင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
Moon က “အကယ်၍ မြောက်ကိုရီးယားက နောက်ထပ် နျူကလီးယား စမ်းသပ်မှု လုပ်မယ်ဆိုရင် ကြိုတင်ပြင်ဆင်မှုများ အားလုံးအသင့်ဖြစ်နေတဲ့ ဒုတိယမြောက် ဥမင်လှိုဏ်ခေါင်း (သို့) တတိယမြောက် ဥမင်လှိုဏ်ခေါင်း မှာ စမ်းသပ်နိုင်ခြေရှိပါတယ်” ဟုပြောကြားခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားစမ်းသပ်မှုအားလုံးကို Punggye-ri ၌ပင် ပြုလုပ်ခဲ့ပြီး ပထမဆုံး စမ်းသပ်မှုအား ပထမ ဥမင်လှိုဏ်ခေါင်းတွင် ပြုလုပ်ခဲ့ကာ ဒုတိယ၊ တတိယနှင့် စတုတ္ထမြောက် စမ်းသပ်မှုများကို ဒုတိယ ဥမင်လှိုဏ်ခေါင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဉ္စမမြောက် နျူကလီးယားစမ်းသပ်မှုအား စတုတ္တမြောက် စမ်းသပ်မှု ဆောင်ရွက်ခဲ့သည့် နေရာမှ ၅၀၀မီတာ အကွာအဝေးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လို အစိုးရပိုင်း သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ Yonhap သတင်းဋ္ဌာန က ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားက တတိယဥမင်လှိုဏ်ခေါင်းတွင် နျူကလီးယားစမ်းသပ်မှု တစ်ခုပြုလုပ်ရန် ကြိုတင်ပြင်ဆင်မှု အားလုံး ပြီးစီးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း အဆိုပါနေရာ၌ မည်သည့် အဏုမြူဆိုင်ရာ စမ်းသပ်မှုတစ်ခုကိုမျှ တွေ့ရှိခြင်းမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.