Connect with us

Asia

တရုတ်-ထိုင်း ပူးတွဲ ဆောင်ရွက်မည့် ရထားလမ်း စီမံကိန်း ယခုနှစ်အတွင်း စတင်နိုင်မည်ဟု ထိုင်း ဒုတိယ ဝန်ကြီးချုပ်ပြောကြား

ဘန်ကောက် ဘူတာရုံ ဆိုင်းဘုတ်အား တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံအတွင်း ဘန်ကောက်နှင့် နာခွန် ရတ်ချာစီမာမြို့တို့အကြား ချိတ်ဆက်မည့် ရထားလမ်း တည်ဆောက်ခြင်းအား ယခုနှစ်အတွင်း စတင်မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ပရာဂျင် ဂျန်တုန်က စက်တင်ဘာလ ၁၁ ရက်က ပြောကြားခဲ့သည်။

ညှိနှိုင်းဆွေးနွေးမှုများ အဆင်ပြေ ချောမွေ့ပါက ဆောက်လုပ်ရေး လုပ်ငန်းများအား ယခုနှစ်ကုန်ပိုင်း သို့မဟုတ် လာမည့် နှစ်ဆန်းပိုင်း၌ စတင်နိုင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ တောင်ပိုင်း နန်နင်းမြို့တွင် ကျင်းပသည့် ၁၃ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တွဲလျက်ပြုလုပ်နေစဉ်တွင် ပရာဂျင် ဂျန်တုန်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ရထားလမ်း ကွန်ရက် အဆင့်မြှင့်တင်ခြင်းသည် ထိုင်းနိုင်ငံ စီးပွားရေးအတွက် လွန်စွာ အရေးပါပြီး တရုတ်နိုင်ငံ အနေဖြင့်လည်း မြန်နှုန်းမြင့် ရထားလမ်း အတွေ့အကြုံများစွာ ရှိကြောင်း ပရာဂျင် ဂျန်တုန်က ပြောကြားခဲ့သည်။
လက်ရှိတွင် ထိုင်းနှင့် တရုတ်တို့သည် ငွေကြေးနှင့် အခြား ကိစ္စများအား ညှိနှိုင်းဆွေးနွေးနေဆဲ ဖြစ်ကြောင်း သိရသည်။
ထိုင်း သတင်းရင်းမြစ်များ၏ အဆိုအရ ဘန်ကောက်-နာခွန် ရတ်ချာစီမာ ရထားလမ်းအား တရုတ် ရထားများနှင့် တရုတ် နည်းပညာများဖြင့် အသုံးပြုမည် ဖြစ်သည်။
၂၀၁၄ ခုနှစ်တွင် ထိုင်း ပို့ဆောင်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှု သဘောတူညီချက်များအား လက်မှတ်ရေးထိုးခဲ့ကြောင်း၊ တရုတ်-ထိုင်း ရထားလမ်း စီမံကိန်းသည် ဒေသဆိုင်ရာ ချိတ်ဆက်မှုနှင့် ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးမှုအား ထောက်ပံ့နိုင်မည် ဖြစ်ကြောင်း ပရာဂျင် ဂျန်တုန်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.