Connect with us

Asia

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ဆွီဒင်သို့ သွားရောက်

မြောက်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Ri Yong Ho အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ပြုံယမ်း၊ မတ် ၁၆ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Ri Yong Ho သည် မတ် ၁၅ရက်တွင် ဆွီဒင်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် ထွက်ခွာသွားခဲ့ကြောင်း နိုင်ငံပိုင် Korean Central News Agency (KCNA) သတင်းဋ္ဌာနက မတ် ၁၆ရက်တွင်ဖော်ပြခဲ့သည်။

Ri ၏ ခရီးစဉ်အတွင်း ၎င်းသည် ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Margot Elisabeth Wallstrom နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေး၊ အပြန်အလှန်စိုးရိမ်မှု ဆိုင်ရာကိစ္စရပ်များ နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်သွားမည်ဖြစ်ကြောင်း သတင်း၌ဖော်ပြခဲ့သည်။

KCNA သတင်းဋ္ဌာနက ယင်းအလည်အပတ် ခရီးစဉ် နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ကြေညာခြင်းမရှိကြောင်း သိရသည်။

သတင်းမီဒီယာများ၏ ဖော်ပြချက်အရ Ri သည် လာမည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံဆွေးနွေးပွဲ နှင့် ပတ်သက်၍ ဆွီဒင်နိုင်ငံ နှင့် ဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.