Asia
သီရိလင်္ကာနိုင်ငံ ပေါက်ကွဲမှုများအတွင်း သေဆုံးသူအရေအတွက် ၇၀ ဦးနှင့် ဒဏ်ရာရသူ ၂၆၀ ဦးအထိမြင့်တက်လာ

ကိုလံဘို၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံရှိ ဘုရားကျောင်းနှင့် ဟိုတယ်အချို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး သေဆုံးသူအရေအတွက် ၇၀ ဦးအထိမြင့်တက်လာကာ ဒဏ်ရာရသူ ၂၆၀ ဦးကျော်ရှိလာပြီဖြစ်ကြောင်း ဆေးရုံ သတင်းရင်းမြစ်များအား ကိုးကား၍ ပြန်ကြားရေးဌာက ပြောကြားလိုက်သည်။
ကိုလံဘို အမျိုးသားဆေးရုံ၊ Batticaloa ဆေးရုံနှင့် Negombo ဆေးရုံမှ သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ ဒဏ်ရာရသူများအတွက် အရေးပေါ် သွေးလိုအပ်လျက်ရှိကြောင်း သိရသည်။
သီရိလင်္ကာနိုင်ငံ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဟိုတယ်တစ်ခု အပြင်ဘက်တွင် စောင့်ဆိုင်းနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)
ဒေသတွင်း သတင်းချန်နယ်များ၌ ဖတ်ကြားခဲ့သည့် သမ္မတ Maithripala Sirisena ၏ အထူးသတင်းစကား၌ ပြည်သူများ စိတ်တည်တည်ငြိမ်ငြိမ်ရှိကြရန်နှင့် ပေါက်ကွဲမှုများအား စုံစမ်းစစ်ဆေးရာတွင် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် ပါရှိသည်။
ယခုကဲ့သို့ ကြောက်မက်ဖွယ် လူသေဆုံးမှု ဖြစ်ပေါ်ခဲ့သည့် ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် သီရိလင်္ကာအစိုးရအနေဖြင့် အရေးပေါ် အစည်းအဝေးခေါ်ယူမည်ဟု မျှော်လင့်ရသည်။ (Xinhua)