Asia
သီရိလင်္ကာ တိုက်ခိုက်မှုများအတွင်း သေဆုံးသူ ၂၉ဝ ဦး နှင့် ဒဏ်ရာရသူ ၅ဝဝ ဦးထိ မြင့်တက်

ကိုလံဘို ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံ၌ ဧပြီ ၂၁ ရက်က ဖြစ်ပွားခဲ့သော ခရစ်ယာဘုရားရှိခိုးကျောင်းများ နှင့် ဟိုတယ်များ ဗုံးခွဲတိုက်ခိုက်ခံရမှုများတွင် သေဆုံးသူ ၂၉ဝ ဦး နှင့် ဒဏ်ရာရသူ ၅ဝဝ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ယနေ့ဧပြီ ၂၂ ရက် တွင် ပြောကြားခဲ့သည်။
သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးဆောင်ရွက်စဉ်(ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးဆောင်ရွက်စဉ်(ဆင်ဟွာ)
အစောပိုင်းထုတ်ပြန်ချက်များအရ ဧပြီ ၂၂ ရက်တွင် ပေါက်ကွဲမှု ၉ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၂၈ ဦး နှင့် ဒဏ်ရာရသူ ၄၅ဝ ဦးရှိကြောင်း ဖော်ပြထားသည်။(Xinhua)