Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံသို့ COVID-19 Sinovac ကာကွယ်ဆေးများ ထပ်မံရောက်ရှိ

ဂျကာတာ ၊ မေ ၂၅ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ Soekarno Hatta လေဆိပ်သို့ မေ ၂၅ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ Sinovac ဆေးဝါးကုမ္ပဏီက ထုတ်လုပ်သည့် ပမာဏများပြားသော COVID-19 ကာကွယ်ဆေး နောက်ထပ်အသုတ် တစ်သုတ် ရောက်ရှိလာခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။“ဒီနေ့ COVID-19 Sinovac ကာကွယ်ဆေး ၈ သန်း ရောက်ရှိလာတာကို ကျွန်တော်တို့ မျက်မြင်တွေ့ခဲ့ပါတယ်။”ဟု စီးပွားရေးဆိုင်ရာ ညှိနှိုင်းရေးဝန်ကြီး Airlangga Hartarto က ပြောကြားခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသည် ယခုထိ COVID-19 ကာကွယ်ဆေး စုစုပေါင်း ၈၃ ဒသမ ၉ သန်းအား လက်ခံရရှိထားပြီး ဆေးပမာဏ အမြောက်အများ နှင့် အသင့်ထိုးနှံရအတွက်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် Sinovac ကာကွယ်ဆေးများအပြင် ဗြိတိန်နိုင်ငံ AstraZeneca ကုမ္ပဏီက ထုတ်လုပ်သည့် ကာကွယ်ဆေးများနှင့် တရုတ်နိုင်ငံ ဆေးဝါးကုမ္ပဏီ Sinopharm က ထုတ်လုပ်သည့် ကာကွယ်ဆေးများလည်း လက်ခံရရှိထားကြောင်း တာဝန်ရှိသူထံမှ သိရသည်။

အထူးသဖြင့် Sinopharm ကာကွယ်ဆေးကို ကုမ္ပဏီများ နှင့် အဖွဲ့အစည်းများတွင် ၎င်းတို့၏ အလုပ်သမားများကို အခမဲ့ထိုးပေးရန်အတွက် COVID-19 ကာကွယ်ဆေးများ ထောက်ပံ့ပေးသည့် အင်ဒိုနီးရှား ကုန်သွယ်ရေး နှင့် စက်မှုကုန်သည်ကြီးများအသင်းက စတင်ဆောင်ရွက်သော အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် တစ်ခုဖြစ်ကြောင်း နှင့် ဒေသအခေါ် “gotong royong” နှင့်အတူ ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်များအတွက် အသုံးပြုရန်ဖြစ်ကြောင်း သိရသည်။

လူဦးရေ ၂၇၁ ဒသမ ၃၅ သန်းနီးပါးရှိသော အင်ဒိုနီးရှားနိုင်ငံသည် ပြည်သူ ၁၈၁ ဒသမ ၅ သန်းအား ကာကွယ်ဆေး ထိုးနှံခြင်းဖြင့် လူအများကြား ကိုယ်ခံအားစနစ် ဖြစ်ပေါ်စေရန် ရည်မှန်းထားကြောင်း သိရသည်။ (Xinhua)
———————————————
(English Version)
More COVID-19 Sinovac vaccines arrive in Indonesia

JAKARTA, May 25 (Xinhua) — Another batch of the COVID-19 vaccine in bulk produced by Chinese pharmaceutical company Sinovac arrived at Indonesia’s Soekarno Hatta Airport Tuesday morning, a senior Indonesian official said.

“Today we witnessed the arrival of 8 million bulk doses of the COVID-19 Sinovac vaccine,” said Coordinating Minister for the Economy Airlangga Hartarto, adding it means that Indonesia has so far received a total of 83.9 million doses of COVID-19 vaccine, both in bulk and ready-to-use.

Besides Sinovac vaccines, Indonesia also received vaccines produced by British company AstraZeneca and vaccines produced by the Chinese pharmaceutical company Sinopharm, according to the official.

Specifically, the Sinopharm vaccine is used for vaccination programs with a mutual cooperation scheme locally called “gotong royong” initiated by the Indonesian Chamber of Commerce and Industry, where companies or institutions provide COVID-19 vaccines for their employees for free.

Indonesia, with a population of nearly 271.35 million people, is targeting the inoculation of 181.5 million people to create herd immunity. Enditem