Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း ပထမ တံတားအစိတ်အပိုင်းကြီး အောင်မြင်စွာ ချိတ်ဆက်ပြီးစီး

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း တံတားအစိတ်အပိုင်း ကြီးအား ချိတ်ဆက်နေပုံ(ဆင်ဟွာ)

ဂျာကာတာ၊အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ ပူးပေါင်းတည်ဆောက်သည့် ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်း ပထမ တံတားအစိတ်အပိုင်း ကြီးကို စက်တင်ဘာ ၃၀ ရက်က အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့ကြောင်း သိရသည်။

ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် စုစုပေါင်း အရှည်  ၁၄၂ ကီလိုမီတာ ရှိပြီး အမြင့်ဆုံးမြန်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ ဖြင့် မောင်းနှင်နိုင်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ မြန်နှုန်းမြင့် ရထားလမ်းကို ၂၀၁၈ ခုနှစ် ဇွန်လ တွင် ဘက်စုံဆောက်လုပ်ရေး လုပ်ငန်းများ စတင်ခဲ့ရာ ဆောက်လုပ်ရေးကာလ စုစုပေါင်း ၃၆ လ ကြာမည်ဖြစ်ကြောင်း၊ယခုနှစ်သည် ဆောက်လုပ်ရေးကာလ၏ အဓိက အရှိန်မြှင့်တင်ဆောင်ရွက်သည့် နှစ်ဖြစ်ကြောင်း ၊ယင်းရထားလမ်း ဆောက်လုပ်ပြီးစီး ပါက ဂျာကာတာ မှ ဘန်ဒေါင်း သို့ မောင်းနှင်သည့် အချိန်သည် မူလ ၃ နာရီကျော်ကြာမြင့်ရာမှ  မိနစ် ၄၀ သာ ကြာမည် ဖြစ်ကြောင်းသိရသည်။

ဂျာကာတာဘန်ဒေါင်းအမြန်ရထားလမ်းစီမံကိန်း(EPC)တည်ဆောက်ရေးသဘောတူညီချက်ကို ၂၀၁၇ ခုနှစ် ဧပြီလ ၄ ရက်က  ဂျာကာတာမြို့ တွင် သဘောတူစာချုပ်ချုပ်ဆို ခဲ့ခြင်းဖြစ်သည်။ အဆိုပါစီမံကိန်းသည် အရှေ့တောင်အာရှ အတွင်း တရုတ်နိုင်ငံ၏ ရထားလမ်းကွန်ရက် တည်ဆောက်ရေးကို ပိုမိုကျယ်ပြန့်စေပြီး ခေတ်သစ် ပိုးလမ်းမကြီး တစ်လျှောက် နိုင်ငံများအချင်းချင်း ဆက်သွယ်နိုင်မှုကို မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.