Asia
အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းတွင် ပြင်းအား ၆.၁ ပမာဏရှိသော ငလျင်လှုပ်၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းမရှိ
ဂျကာတာ၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ပါပူအာ ဘာရတ်ပြည်နယ်တွင် ဒီဇင်ဘာလ ၂၈ ရက်၌ ပြင်းအား ၆.၁ ပမာဏရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း၊ သို့သော် ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း မိုးလေဝသနှင့် ဘူမိဗေဒလုပ်ငန်းက ပြောကြားခဲ့သည်။
အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၁၀း၀၃ နာရီက အရှေ့တောင်ပိုင်း မန်နော့ဝါရီမြို့ မြေအောက် ၂၆ ကီလိုမီတာအား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသနှင့် ဘူမိဗေဒလုပ်ငန်း တာဝန်ရှိသူ မူဟာမက် ဖာဒီလာ (Muhammad Fadila) က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ဆူနာမီ သတိပေးချက်တော့ မထုတ်ပြန်ထားပါဘူး” ဟု ၎င်းက ဆင်ဟွာသို့ တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။
ထိုငလျင်ကြောင်း ပျက်စီးမှု သို့မဟုတ် လူသေဆုံးမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်း ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုပါရ်ဝူ နူဂရိုဟို (Sutopo Purwo Nugroho) က ပြောကြားခဲ့သည်။
ငလျင်လှုပ်ခတ်မှုဒဏ်ကို ငါးမိနစ်ခန့် ပြင်းပြင်းထန်ထန်ခံစားခဲ့ရကြောင်း စူတိုပိုက ပြောခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် “ပစိဖိတ် ငလျင်စက်ဝန်း” ဟုခေါ်သော ငလျင်ဧရိယာပေါ်တွင် တည်ရှိသဖြင့် မကြာခဏ ငလျင်လှုပ်ခတ်မှုဒဏ်ခံရခြင်းဖြစ်သည်။ (Xinhua)