Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းတွင် တရားမဝင် မိုင်းတွင်း ပြိုကျမှုကြောင့် လူ ၁ဦးသေ၊ ၁၃ဦး ဒဏ်ရာရရှိ

အင်ဒိုနီးရှားတွင် ရွှေတွင်းပြိုကျမှုကြောင့် ဒဏ်ရာရရှိသူတစ်ဦးအား သယ်ဆောင်လာစဉ် (ဓါတ်ပုံ-အင်တာနက်)

ဂျာကာတာ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း North Sulawesi ပြည်နယ် တွင် ဖေဖော်ဝါရီ ၂၆ ရက် ညက တရားမဝင် ရွှေတွင်းတစ်တွင်း ပြိုကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး မိုင်းလုပ်သားတစ်ဦး သေဆုံးပြီး အခြားလူ ၁၃ဦး ဒဏ်ရာရရှိကာ လူအများအပြား ပိတ်မိနေဆဲဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်ဌာန မှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၇ ရက် အစောပိုင်းတွင်ပြောကြားခဲ့သည်။

မြေသားအခြေအနေမကောင်းခြင်း၊ မိုင်းတွင်း ဖွဲ့စည်းပုံညံ့ဖျင်းခြင်း နှင့် မိုင်းလုပ်သားများမှ အပေါက်များစွာ တူးထားခြင်းများသည့် မိုင်းတွင်းပြိုကျရခြင်း၏ အဓိက အကြောင်းရင်းများ ဖြစ်ကြောင်း နှင့် အဆိုပါ ရွှေတွင်းပြိုကျမှုသည် Bolaang Mongondow ခရိုင် Bakan ရွာတွင်ဖြစ်ပွားခဲ့ကြောင်း နှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေဆဲဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho က ပြောကြားခဲ့သည်။

၎င်းက မိုင်းပြိုကျစဉ် မြေကြီးများ၊ ကျောက်ခဲများ နှင့် အခြား ပစ္စည်းများ ပြုတ်ကျလာမှုကြောင့် မိုင်းလုပ်သား ၆၀ကျော် ပိတ်မိနေသည်ဟု ခန့်မှန်းရကြောင်း နှင့် ၎င်းတို့အနက် လူ ၁၄ဦးကို ကယ်ဆယ်ပေးခဲ့ပြီးဖြစ်ကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.