Connect with us

Asia

အင်ဒိုနီးရှား ဖယ်ရီသင်္ဘော တိမ်းမှောက်မှု၌ ကပ္ပတိန်အလောင်းအားဆယ်ယူရရှိ၊ သေဆုံးသူ ၅ဦးရှိလာ

အင်ဒိုနီးရှားနိုင်ငံ ဘာလီရေလက်ကြား၌ တိမ်းမှောက်သွားသည့် ဖယ်ရီသင်္ဘောအားတွေ့ရစဉ် (အင်တာနက်)

ဂျာကာတာ၊ မတ် ၆ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဘာလီရေလက်ကြား၌ မတ်လ ၄ရက်နေ့က ဖယ်ရီသင်္ဘောတိမ်းမှောက်မှုတွင် သေဆုံးခဲ့သည့် သင်္ဘောကပ္ပတိန်၏ရုပ်အလောင်းအား နစ်မြုပ်နေသည့် သင်္ဘောအတွင်းမှ ကယ်ဆယ်ရေးသမားများက မတ်လ ၆ရက်နေ့တွင် ဆယ်ယူနိုင်ခဲ့ပြီး သင်္ဘောနစ်မြုပ်မှု၌ သေဆုံးသူ ၅ဦး အထိရှိလာကြောင်း ကယ်ဆယ်ရေး သမားများက ပြောကြားခဲ့သည်။

မတ်လ ၆ရက်နေ့တွင် သင်္ဘောကပ္ပတိန်၏ရုပ်အလောင်းအား ပင်လယ်ကြမ်းပြင်သို့ရောက်ရှိနေသည့် ဖယ်ရီသင်္ဘောအတွင်း၌ တွေ့ရှိခဲ့သည့် အပြင် အခြားရုပ်အလောင်းများကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း ဘာလီ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံး အကြီးအကဲ Didi Hanzar က ဆင်ဟွာသို့ ဖုန်းဖြင့် ဖြေကြားခဲ့သည်။

Mr. Hanzar က ပျောက်ဆုံးနေသူ အားလုံးကို ပြန်လည်တွေ့ရှိပြီဖြစ်သောကြောင့် အာဏာပိုင်များသည် ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လုပ်ငန်းများကို ရပ်တန့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက လူ၇၆ဦးအားကယ်ဆယ်နိုင်ခဲ့ပြီး အများစုသည် သင်္ဘောနစ်မြုပ်ချိန်၌ သင်္ဘောပေါ်မှ ခုန်ချခဲ့ကြသဖြင့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

Rafelia 2 ဖယ်ရီသင်္ဘောသည် ဘာလီကျွန်းရှိ Gilimanuk ဆိပ်ကမ်းမှ အရှေ့ဂျာဗား၏ Banyuwangi ခရိုင် ရှိ Ketapang ဆိပ်ကမ်းသို့ ထွက်ခွာလာစဉ် ရေများ စိမ့်ဝင်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.