Connect with us

Asia

အပူပိုင်းမုန်တိုင်း ပါဘတ် လေဖိအားနည်းရပ်ဝန်းအဖြစ် ပြောင်းလဲပြီး ထိုင်းနိုင်ငံ တောင်ပိုင်း အနောက်ဘက်ခြမ်းသို့ ဝင်ရောက်

ထိုင်းနိုင်ငံတွင် ပါဘတ်မုန်တိုင်း တိုက်ခတ်မှုကြောင့် သစ်ပင်များလဲကျနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

အပူပိုင်းမုန်တိုင်း ပါဘတ် (Pabuk) သည် ဇန်နဝါရီလ ၅ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် ပြောင်းလဲကာ ထိုင်းနိုင်ငံတောင်ပိုင်း တစ်ဖက်ခြမ်းမှ အခြားတစ်ဖက်ခြမ်းသို့ ရွေ့လျားသွားနေကြောင်း၊ လေပြင်းတိုက်ခတ်မှု မြင့်မားခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ဒီရေမြင့်တက်ခြင်းများ ရှိနိုင်ကြောင်း သိရသည်။

မိုးလေဝသဌာန၏ ဇန်နဝါရီလ ၅ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ ပါဘတ်မုန်တိုင်းသည် လေဖိအားနည်းရပ်ဝန်းအဖြစ် ပြောင်းလဲသွားပြီဖြစ်ကြောင်း၊ တစ်နာရီလျှင် ၅၅ ကီလိုမီတာနှုန်းဖြင့် ထိုင်းနိုင်ငံ ခရီးသွားဧည့်သည်များ လာရောက်ရာ ကပ္ပလီပင်လယ်ကမ်းခြေများဖြစ်သော ဖူးခက်၊ ကရာဘိနှင့် ရနောင်းပြည်နယ်များသို့ ဖြတ်သန်းသွားနေခြင်းဖြစ်ကြောင်း သိရသည်။

အပူပိုင်းမုန်တိုင်း ပါဘတ် တိုက်ခတ်မှုကြောင့် ဇန်နဝါရီလ ၄ ရက်က ထိုင်းနိုင်ငံ တောင်ပိုင်း အရှေ့ဘက်ခြမ်းဖြစ်သော စူရက်သာနီနှင့် နာခွန်စီသမ်မရတ် စသည့်ပြည်နယ်များ၌ မိုးသည်ထန်စွာ ရွာသွန်းခြင်း၊ ဒီရေမြင့်တက်ခြင်းများ ဖြစ်ပွားကာ အနောက်ဘက်အရပ်သို့ ရွေ့လျားခဲ့ပြီး ကပ္ပလီပင်လယ်အတွင်း ဒီရေ ၃ မီတာမှ ၅ မီတာအထိ မြင့်တက်ခဲ့သည်။ကပ္ပလီပင်လယ်အတွင်းရှိ ကမ္ဘာလှည့်ခရီးသွားများ လာရောက်ရာကျွန်းများရှိလူများအား ဘေးကင်းရာနေရာသို့ ရွှေ့ပြောင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)