Connect with us

Asia

အမျိုးသမီးများ အကြမ်းဖက်မှုဆန့်ကျင်ရေး ဥပဒေသစ် မော်ရိုကိုနိုင်ငံ ပြဋ္ဌာန်း

အမျိုးသမီးများ အကြမ်းဖက်မှုဆန့်ကျင်တိုက်ဖျက်ရေး ဆန္ဒပြသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရာဘတ်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

မော်ရိုကိုနိုင်ငံတွင် အမျိုးသမီးများကို အကြမ်းဖက်မှုသည် ပြစ်မှုမြောက်ကြောင်း ဥပဒေသစ်တစ်ရပ်အား စက်တင်ဘာလ ၁၂ ရက်တွင် ပြဋ္ဌာန်းလိုက်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၄ ရက်က လွှတ်တော်မှ အတည်ပြုလိုက်သော ဥပဒေသစ်သည် အမျိုးသမီးများအား အကြမ်းဖက်မှု ပုံစံအမျိုးမျိုး ကျူးလွန်သူများအတွက် ပြင်းထန်သော အပြစ်ဒဏ်သတ်မှတ်ထားခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေသည် အမျိုးသမီးများအား အတင်းအကျပ် လက်ထပ်စေခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်းအား ပထမဆုံးအကြိမ်အဖြစ် ပြစ်ဒဏ်သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လအနည်းငယ်က အမျိုးသမီးများအား အကြမ်းဖက်မှု ဖြစ်ရပ်များစွာ ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ထိရောက်သော ဥပဒေများ ပြဋ္ဌာန်းပေးရန် အစိုးရအား ဖိအားပေးရန်နှင့် အများပြည်သူ နေရာ၌ အမျိုးသမီးများအတွက် လုံခြုံသော နေရာဖန်တီးပေးရန် ဆန္ဒပြမှုများ လုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.