Connect with us

Asia

အမှတ် (၇) တိုင်ဖုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၁ ဦးသေဆုံးပြီး လူအမြောက်အမြား ဒဏ်ရာရရှိ

၂၀၁၇ ခုနှစ်က ဂျပန်တွင် တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်နေစဉ်(ဆင်ဟွာ )

တိုကျို ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

အမှတ်(၇) တိုင်ဖုန်းမုန်တိုင်းသည် ယခုရက်သတ္တပတ်အစောပိုင်းတွင် ဂျပန်နိုင်ငံ Okinawa စီရင်စု ဝင်ရောက်ပြီး မြောက်ဘက်သို့ ရွေ့လျားတိုက်ခတ်ခဲ့ရာ ဇူလိုင် ၄ ရက်အထိ တိုင်ဖုန်မုန်တိုင်းကြောင့် ဂျပန်တွင် လူ ၁ ဦးသေဆုံးပြီး လူအမြောက်အမြား ဒဏ်ရာရရှိခဲ့သည့်အပြင် Okinawa စီရင်စုရှိ ကမ္ဘာ့သမိုင်းဝင်အမွေအနှစ်စာရင်းဝင် Nakijin Castle မြို့ရိုး တစ်စိတ်တစ်ပိုင်း ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုင်ဖုန်းမုန်တိုင်းမှာ တစ်နာရီလျှင် ၄၅ ကီလိုမီတာနှုန်းဖြင့် ဂျပန်နိုင်ငံပင်လယ်ပြင် တစ်လျှောက် အရှေ့မြောက်ပိုင်းကို ဦးတည်တိုက်ခတ်လျက်ရှိကြောင်း ၊ ဗဟိုလေဖိအား ၉၈၅ HPA ရှိပြီး တစ်စက္ကန့်လျှင် အမြန်ဆုံးလေတိုက်နှုန်းမှာ ၃၅ မီတာ ရှိကြောင်း ဂျပန်နိုင်ငံမိုးလေဝသနှင့် ဇလဗေဒ အေဂျင်စီ၏ ဇူလိုင် ၄ ရက်တွင်ထုတ်ပြန်သည့် သတင်းများအရ သိရသည်။ တိုင်ဖုန်းမုန်တိုင်းကြောင့် ဂျပန်တွင် မိုးပြင်းလေပြင်းများကျရောက်လျက်ရှိရာ လက်ရှိ သေဆုံးသူ တစ်ဦးရှိပြီး လူအမြောက်အမြား ဒဏ်ရာရရှိကြောင်း သိရသည်။

အဆိုပါမုန်တိုင်းမှာ ဇူလိုင် ၆ ရက်အထိ သက်ရောက်မှုရှိနိုင်ကြောင်း၊ လေပြင်းမိုးပြင်းကျရောက်မှု ကြောင့် မြေပြိုခြင်း၊ရေကြီးခြင်းများ ဖြစ်ပွားနိုင်ကြောင်း ၊ ထို့ကြောင့် အများပြည်သူများ သတိထားသွားလာကြရန် ဂျပန်နိုင်ငံမိုးဇလအေဂျင်စီက အသိပေးနှိုးဆော်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.