Connect with us

Asia

အာဖဂန်တပ်ဖွဲ့ဝင်များက အရှေ့ပိုင်းပြည်နယ် တွင် စစ်သွေးကြွ ၂၈ဦးကို သုတ်သင်ရှင်းလင်း

အာဖဂန်နစ္စတန်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ဂါဇီ၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဂါဇီပြည်နယ် တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သြဂုတ် ၃ရက်တွင်ပြုလုပ်သော စစ်သွေးကြွရှင်းလင်းရေးစစ်ဆင်မှုအတွင်း အနည်းဆုံး စစ်သွေးကြွ ၂၈ ဦး ကို သုတ်သင်နိုင်ခဲ့ကြောင်း ဒေသခံတာဝန်ရှိသူ တစ်ဦး က သြဂုတ် ၄ရက် ကပြောကြားခဲ့သည်။

ဂါဇီရဲချုပ် Farid Ahmad Mashal က လုံခြုံရေး နှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ က ဂါဇီပြည်နယ် ခိုဂီရာနီခရိုင် ရှိ တာလီဘန်စစ်သွေးကြွများ စုဝေးနေရာတစ်ခုကို ပစ်မှတ်ထား၍ သြဂုတ် ၃ရက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ စစ်သွေးကြွ ၂၈ ဦး သေဆုံးခဲ့ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

အခြားစစ်သွေးကြွများစွာလည်း ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူကပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ပြည်နယ်မြို့တော် ဂါဇီမြို့တွင် သြဂုတ် ၃ရက်ညက တာလီဘန်တို့၏ တိုက်ခိုက်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တန်ပြန်တိုက်ခိုက်ခဲ့ပြီး ရဲသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Mashal ကပြောကြားခဲ့သည်။

တာလီဘန်စစ်သွေးကြွများဘက်က ယင်းဖြစ်ရပ် နှင့် ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာပေးခြင်းမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.