Connect with us

Asia

အာဖဂန်နစ္စတန်နိုင်ငံတွင် ပုဂ္ဂလိက ကုမ္ပဏီအလုပ်သမား ၂၉ ဦးကို တာလီဘန် လွှတ်ပေး

အာဖဂန်နစ္စတန်နိုင်ငံတွင် တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကန်ဒါဟာ၊ အာဖဂန်နစ္စတန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာပြည်နယ်ရှိ ပုဂ္ဂလိကပိုင် ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှ အလုပ်သမား ၂၉ ဦးအား Eid al-Adha ပွဲတော်အကြိုအဖြစ် တာလီဘန်စစ်သွေးကြွများက လွှတ်ပေးလိုက်ကြောင်း ဒေသခံ တာဝန်ရှိသူတစ်ဦးက သြဂုတ်လ ၂၂ ရက်တွင် ပြောကြားလိုက်သည်။

Eid al-Adha ပွဲတော်အခါသမယတွင် စစ်သွေးကြွများ၏ ခေါင်းဆောင်များ၏ အမိန့်ဖြင့် ဇွန်လလယ်က ဖမ်းဆီးထားသော အကျဉ်းသားများအား Shorabak ခရိုင် Srusahan နယ်မြေ၌ သြဂုတ်လ ၂၁ ရက်က လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ပြောခွင့်ရပုဂ္ဂိိုလ် Aziz Ahmad Azizi က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

လွတ်မြောက်သွားသော အလုပ်သမားများအား ၎င်းတို့၏ မိသားစုများနှင့်တွေ့ဆုံရန် ဒေသခံအစိုးရ တာဝန်ရှိသူများက ကူညီပေးခဲ့သည်။

အာဖဂန်အစိုးရက သြဂုတ်လ ၁၉ ရက်က ကြေညာခဲ့သော အပတ်အခတ်ရပ်စဲရေး ကမ်းလှမ်းမှုအား တာလီဘန်ဘက်မှ ငြင်းပယ်ခဲ့သော်လည်း ၎င်းတို့ ထိန်းသိမ်းထားသော အကျဉ်းသားများအနက် သင့်တော်သော အကျဉ်းသားများကို လွှတ်ပေးရန် တာလီဘန် အကျဉ်းသားရေးရာများ ကော်မရှင်က လုပ်ဆောင်နေကြောင်း Eid သတင်းစကားတွင် ဖော်ပြထားသည်။

နှစ်စဉ်ကျင်းပသော Eid ပွဲတော်ကို တိရစ္ဆာန်များကို ယဇ်ပူဇော်ခြင်းပွဲတော်အဖြစ် သိကြပြီး သြဂုတ်လ ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.