Connect with us

Asia

အာဖဂန် မြောက်ပိုင်းတွင် နယ်မြေရှင်းလင်းရေးများဆောင်ရွက်ရာ စစ်သွေးကြွ ၂၆ဦးအား သုတ်သင်နိုင်ခဲ့

အာဖဂန်နစ္စတန်စစ်တပ်မှ စစ်သားများအား စစ်ဆင်ရေးတစ်ခုအတွင်း တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Faryab ပြည်နယ် တွင် နယ်မြေရှင်းလင်းမှုတစ်ခု နှင့် လေကြောင်းတိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ပြီးနောက် တာလီဘန် စစ်သွေးကြွ ၂၆ဦး ကို သုတ်သင်နိုင်ခဲ့ပြီး စစ်သွေးကြွ ၂၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန က ဇွန် ၂၇ ရက်တွင်ပြောကြားခဲ့သည်။

ဝန်ကြီးဌာနမှ ထုတ်ပြန်သော ထုတ်ပြန်ချက်၌ လေတပ်၏ အကာအကွယ်ပေးမှုဖြင့် အာဖဂန်တပ်ဖွဲ့ဝင်များသည် Faryab ပြည်နယ် Shirin Tagab ခရိုင် ၌ လွန်ခဲ့သည့် ၂၄နာရီအတွင်း စစ်ဆင်ရေးတစ်ခု ဆောင်ရွက်ခဲ့ရာ စစ်သွေးကြွ ၂၆ဦးကို သတ်ဖြတ်နိုင်ခဲ့ပြီး စစ်သွေးကြွ ၂၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါရှိသည်။

ဒေသခံ လယ်သမားများ နှင့် ဆိုင်ပိုင်ရှင်များထံမှ ဆက်ကြေးကောက်ခံသည့် Qari Ziauddin အမည်ရှိ ဒေသတွင်း တာလီဘန် ခေါင်းဆောင်တစ်ဦးလည်း ယင်းစစ်ဆင်ရေးအတွင်း သေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီလ နှောင်းပိုင်းမှ စ၍ Faryab ပြည်နယ်တွင် တာလီဘန် စစ်သွေးကြွများ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.