Connect with us

Asia

အိန္ဒိယတွင် တိုက်လေယာဉ်ပျက်ကျသော်လည်း လေယာဉ်မှူးသေဆုံးခြင်းမရှိ

အိန္ဒိယနိုင်ငံတွင် ပျက်ကျခဲ့သည့် တိုက်ဂျက်လေယာဉ်တစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း Rajasthan ပြည်နယ် တွင် အိန္ဒိယလေတပ်တပ်ဖွဲ့ (IAF) မှ ပိုင်ဆိုင်သော MiG-27 တိုက်ဂျက်လေယာဉ်တစ်စီး ဖေဖော်ဝါရီ ၁၂ရက် ညနေပိုင်းက ပျက်ကျခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

တိုက်ဂျက်လေယာဉ်သည် Rajasthan ပြည်နယ် မြို့တော် Jaipur အနောက်ဘက် ၄၅၂ကီလိုမီတာ အကွာ Jaisalmer ခရိုင်ရှိ Pokhran မြို့ ပေါ်၌ ပျံသန်းလေ့ကျင့်နေစဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေသခံအစိုးရ တာဝန်ရှိသူတစ်ဦးက MiG-27 လေယာဉ်သည် ဖေဖော်ဝါရီ ၁၂ ရက်ညနေပိုင်းတွင် လေ့ကျင့်မှုတစ်ခု ပြုလုပ်နေစဉ် ပျက်ကျခဲ့ကြောင်း နှင့် လေယာဉ်မှူးသည် ဘေးကင်းစွာ လွတ်မြောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့ဝင်များ အလျင်အမြန်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် IAF က လေယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးသွားရန် တရားရုံးတစ်ခုအား ညွှန်ကြားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.