Connect with us

Asia

အိန္ဒိယတွင် ရာဇဝတ်ဂိုဏ်းများအကြား ပစ်ခတ်မှုများကြောင့် လူ ၃ဦးသေဆုံး ၅ဦး ဒဏ်ရာရရှိ

ဒေလီမြို့မြောက်ပိုင်း Burariမြို့တွင် ရာဇဝတ်ဂိုဏ်းများအကြား ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

ရဲတပ်ဖွဲ့က ရာဇဝတ်ဂိုဏ်း ၂ ဂိုဏ်းမှ အဖွဲ့များသည် ဇွန် ၁၈ ရက် တွင် လူရှုပ်သော လမ်းမတစ်ခု ၌ အပြန်အလှန်ပစ်ခတ်ခဲ့ပြီးနောက် အမျိုးသမီး တစ်ဦး အပါအဝင် လူ ၃ဦးသေဆုံးခဲ့ပြီး အခြားလူ ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ပစ်ခတ်မှုများသည် ဒေလီမြို့မြောက်ပိုင်း Burariမြို့ ရှိ လူရှုပ်သော ဈေးတစ်ခုတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြည်တွင်း ရာဇဝတ်ဂိုဏ်းများဖြစ်ကြသည့် Gogi နှင့် Tillu ဂိုဏ်းမှ အဖွဲ့ဝင်များသည် ဇွန်လ ၁၈ ရက် နံနက်ပိုင်းတွင် ၎င်းတို့၏ ကားပေါ်မှနေ၍ တစ်ဖက် နှင့် တစ်ဖက် အပြန်အလှန် ပစ်ခတ်ခဲ့ရာ လူ၃ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူများတွင် ပစ်ခတ်မှုအကြားရောက်ရှိသွားသည့် အမျိုးသမီးတစ်ဦး နှင့် ဂိုဏ်း၂ဂိုဏ်းမှ အမျိုးသား ၂ဦး ပါဝင်ကြောင်း ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က အဆိုပါ ဂိုဏ်းများအား မြို့အတွင်း ငွေညှစ်မှု၊ လူသတ်မှုတို့ဖြင့် တရားစွဲဆိုထားကြောင်း ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားပုံအား အဆိုပါဧရိယာအတွင်း၌ တပ်ဆင်ထားသော CCTV တွင် မှတ်တမ်းတင်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.