Connect with us

Asia

အိန္ဒိယတွင် အစာအဆိပ်သင့်မှုကြောင့် လူ ၃ဦးသေဆုံး၊ ၆၀ကျော် နေထိုင်မကောင်းဖြစ်ပွား

အိန္ဒိယနိုင်ငံတွင် ယခင်က အစာအဆိပ်သင့်မှုကြောင့် ဆေးရုံသို့ ရောက်ရှိလာသော ကလေးငယ်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ် ရှိ အိမ်တက်ပွဲတစ်ခုမှ ကျွေးမွေးသော အစားအစာများကို စားသုံးပြီးနောက် ချက်ချင်းပင် အနည်းဆုံး လူ ၃ဦးသေဆုံးခဲ့ပြီး လူ အယောက် ၆၀ကျော် နေထိုင်မကောင်းဖြစ်ခဲ့ကာ တစ်ချို့မှာ အခြေအနေစိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့က ဇွန် ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ယင်းဖြစ်ရပ်သည် Maharashtra ပြည်နယ် မြို့တော် မွမ်ဘိုင်းမြို့ တောင်ဘက် ၁၁၃ ကီလိုမီတာအကွာ Raigad ခရိုင် Mahad ရွာတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇွန် ၁၈ ရက် ညပိုင်းတွင် လူ အယောက် ၆၀ကျော်သည် ပျို့အန်ခြင်းများဖြစ်ပွားပြီးနောက် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့အနက် ၃ဦး သေဆုံးခဲ့ကာ အချို့မှာ အခြေအနေ စိုးရိမ်ရကြောင်း၊ ၎င်းတို့အားလုံးသည် ရွာရှိ အိမ်တက်ပွဲတစ်ခု မှ အစားအစာများကို စားခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

သတင်းများ၌ဖော်ပြချက်အရ ဇွန် ၁၈ ရက် ညနေပိုင်းတွင်ပြုလုပ်သော အိမ်တက်ပွဲသို့ တက်ရောက်ရန် လူ ၅၀၀ခန့်ကို အိမ်ရှင်ကဖိတ်ကြားခဲ့ကြောင်း သိရသည်။

၎င်းက ကလေးငယ်များ နှင့် အချို့သော လူကြီးများက အရင်စားခဲ့ပြီး ကျန်သော ဧည့်သည်များအား ညပိုင်းတွင် ဆက်လက်ကျွေးမွေးခဲ့ကြောင်း၊ အရင်စားသုံးခဲ့သော ကလေးငယ်များသည် အော့အန်ခြင်းများ စတင်ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆရာဝန်များက ယင်းဖြစ်ရပ်သည် အစာအဆိပ်သင့်မှုပုံစံဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

အာဏာပိုင်များက ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း သိရသည်။

ရဲအရာရှိများက အဆိုပါ အိမ်မှ အစားအစာ နမူနာများကို သိမ်းဆည်းခဲ့ပြီး သေဆုံးရခြင်းအကြောင်းရင်းကို စတင်စုံစမ်းနေကြောင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.