Connect with us

Asia

ထိုင်းဘုရင်၏ ဘိသိတ်ခံယူပွဲအပြီး အထွေထွေရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ထိုင်းဝန်ကြီးချုပ်ပြောကြား

ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်း အား အခမ်းအနားတစ်ခု၌တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ က ဘုရင် မဟာဗာဂျီရာလောင်ကွန်း ၏ ဘိသိတ်ခံယူပွဲအပြီး တွင် အထွေထွေရွေးကောက်ပွဲအား ကျင်းပသွားမည်ဖြစ်ကြောင်း ဇွန် ၁၉ ရက်တွင်ပြောကြားခဲ့သည်။

ပရာယွတ် က အထွေထွေရွေးကောက်ပွဲသည် တစ်ဆင့်ချင်းဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က ဘိသိတ်ခံယူပွဲအခမ်းအနား သည် အလွန်အရေးကြီးကြောင်း၊ နိုင်ငံသည် ယင်းအခမ်းအနား နှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှုလိုအပ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက ဘိသိတ်ခံယူပွဲ နှင့် နိုင်ငံရေး သည် မတူညီသော အကြောင်းတရားများဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်း သည် ၎င်း၏ ခမည်းတော်ဖြစ်သူ ဘုရင် ဘူမိဘောအဒူလျာဒတ် ၂၀၁၆ခုနှစ် အောက်တိုဘာတွင် နတ်ရွာစံပြီးနောက် ၂၀၁၆ခုနှစ် ဒီဇင်ဘာလတွင် ထီးနန်းအား ဆက်ခံခဲ့ပြီး ဘိသိတ်ခံယူပွဲအခမ်းအနားအား ကျင်းပခြင်းမရှိသေးကြောင်း သိရသည်။

ရွှေ့ဆိုင်းမှုများစွာပြုလုပ်ပြီးနောက် ပရာယွတ်က အထွေထွေရွေးကောက်ပွဲအား ၂၀၁၉ခုနှစ် ဖေဖော်ဝါရီ မတိုင်မီ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၂၀၁၈ခုနှစ် ဖေဖော်ဝါရီတွင်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.