Connect with us

Asia

အိန္ဒိယနိုင်ငံတွင် ဆယ်ကျော်သက် အကျဉ်းသား ၅ ဦးက ကြီးကြပ်ရေးမှူးအား သတ်ကာ ထိန်းသိမ်းရေးစခန်းမှ ထွက်ပြေး

အိန္ဒိယနိုင်ငံရှိ လူငယ်ထိန်းသိမ်းရေးစခန်းတစ်ခုမှ ကလေးများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်ရှိ လူငယ်ထိန်းသိမ်းရေးစခန်းတစ်ခုတွင် ကြီးကြပ်ရေးမှူးအား သတ်ပြီးနောက် ထွက်ပြေးသွားသည့် အကျဉ်းသား ၅ ဦးအား ဖမ်းဆီးမိရေးအတွက် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်သည် ဘီဟာပြည်နယ်မြို့တော် Patna မှ ၃၂၅ ကီလိုမီတာအကွာ Purnea မြို့၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“စက်တင်ဘာလ ၁၉ ရက်မှာ ကြီးကြပ်သူကို လူငယ် တရားစီရင်ရေးဘုတ်အဖွဲ့သို့ ရွှေ့ပြောင်းခဲ့ပြီး အဆိုပါ ဆယ်ကျော်သက် လူငယ်တွေကို အခြား ရမန်နေအိမ်သို့ ရွှေ့ပြောင်းရန် အမိန့်ရရှိခဲ့ပြီးနောက် သူ့ကို ပစ်သတ်ခဲ့ကြတာပါ” ဟု ရဲအရာရှိတစ်ဦးက စက်တင်ဘာလ ၂၀ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ ကြီးကြပ်သူက ဆယ်ကျော်သက် အကျဉ်းသား ၅ ဦးသည် ချောင်းဆိုပျောက်ဆေးရည်များ သုံးစွဲခဲ့ကြောင်း တွေ့ရှိပြီးနောက် ယခုလိုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အခြား အကျဉ်းသားတစ်ဦးလည်း သေဆုံးသွားသည်ဟု စွပ်စွဲခံထားရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.