Connect with us

Asia

အိန္ဒိယ ခရီးသည်တင် လေယာဉ်တွင် လေဖိအား ကျဆင်းမှုကြောင့် လူ ၃၀ဦး ဒဏ်ရာရရှိ

အိန္ဒိယ ခရီးသည်တင် လေယာဉ်တွင် လေဖိအား ကျဆင်းမှုကြောင့် အောက်စီဂျင်မျက်နှာဖုံးများ ထွက်ကျလာစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ စီးပွားရေးမြို့တော် မွမ်ဘိုင်းမြို့မှ ပျံသန်းလာသော ခရီးသည်တင်လေယာဉ်တစ်စင်းတွင် လေဖိအားကျဆင်းမှုဖြစ်ပွားခဲ့ပြီးနောက် ခရီးသည် ၃၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း လေကြောင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ပုဂ္ဂလိက လေကြောင်းလိုင်းဖြစ်သော Jet Airways မှ ပိုင်ဆိုင်သော ဘိုးအင်း ၇၃၇ လေယာဉ် သည် ခရီးသည် ၁၆၆ဦး တင်ဆောင်ကာ အိန္ဒိယနိုင်ငံ Rajasthan ပြည်နယ် မြို့တော် Jaipur မြို့ သို့ ပျံသန်းနေခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်းလေကြောင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Lalit Gupta က 9W 697 Mumbai-Jaipur လေယာဉ်သည် ပျံတက်ပြီးမကြာမီ မွမ်ဘိုင်းမြို့ သို့ပြန်လှည့်လာခဲ့ရပြီး အကြောင်းမှာ လေယာဉ်ပျံတက်ချိန်တွင် လေယာဉ်ဝန်ထမ်းသည် လေယာဉ်အတွင်းဖိအား ထိန်းသိမ်းသည့် ခလုတ်အား နှိပ်ရန် မေ့လျော့၍ ဖြစ်ကာ ရလဒ်အနေဖြင့် အောက်စီဂျင်မျက်နှာဖုံးများ ထွက်ကျလာကြောင်း မီဒီယာသို့ ပြောကြားခဲ့သည်။

ခရီးသည် ၁၆၆ဦးအနက် ၃၀ဦး မှာ နှာခေါင်းနှင့် နားများမှ သွေးယိုစိမ့်မှုများ ဖြစ်ပွားခဲ့ပြီး အချို့မှာ ခေါင်းကိုက်ဝေဒနာ ခံစားခဲ့ရကြောင်း ၎င်းကပြောကြားခဲ့သည်။

Jet Airways က ယင်းဖြစ်ရပ်အတွက် စိတ်မကောင်းဖြစ်ခဲ့ရကာ ပေါ့လျော့ခဲ့သည့် လေယာဉ်ဝန်ထမ်းအား တာဝန်မှရပ်ဆိုင်းကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်းပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ ပြည်တွင်းလေကြောင်းဦးစီးမှု ဝန်ကြီးဌာန က ယင်းကိစ္စအား စုံစမ်းစစ်ဆေးရန် လေယာဉ်မတော်တဆမှု စုံစမ်းစစ်ဆေးရေး ဗျူရိုအား တာဝန်ပေးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.