Connect with us

Asia

အိန္ဒိယနိုင်ငံတွင် ရေဘေးကြောင့် သေဆုံးသူ ၁၄၀၀ ကျော်ရှိ

အိန္ဒိယတွင် ရေကြီးရေလျှံဖြစ်ပွားနေမှုအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ ၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ)

ယခုနှစ်မိုးရာသီကာလအတွင်း အိန္ဒိယနိုင်ငံ၌ရေဘေးကြောင့် သေဆုံးသူသည် လက်ရှိအချိန်အထိ ဆိုရလျှင် လူ ၁၄၀၀ ကျော်ရှိပြီဖြစ်ကြောင်း ၊ ၎င်းတို့အနက် အဆိုးဝါးဆုံးမှာ Kerala ပြည်နယ်က ဖြစ် ပြီး သေဆုံးသူ ၄၈၈ ဦး ရှိကြောင်း အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက စက်တင်ဘာ ၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ တောင်ပိုင်း Kerala ပြည်နယ်သည် နှစ်တစ်ရာအတွင်းမှာ အဆိုးဝါးဆုံးရေဘေးနှင့် ကြုံတွေ့ရကာ ခရိုင် ၁၄ ခုတွင် ရေဘေးသင့်သူ ၅.၄၁၁ သန်း ရှိပြီး လူပေါင်း ၁.၄၅၂ သန်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သော ကြောင့် ကယ်ဆယ်ရေးစင်တာများတွင် နေရာချထားပေးရကြောင်း ၊ လယ်ယာမြေ ဟက်တာ ၅၇၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန NERC စင်တာ၏ ယင်းနေ့တွင် ထုတ်ပြန် သည့် စာရင်းများအရ သိရသည်။ ထို့အပြင် Uttar Pradesh ပြည်နယ် ၊ West Bengalပြည်နယ်တွင်လည်း ရေဘေးဒဏ်ဆိုးဆိုးဝါးဝါးခံရကြောင်း ၊ သေဆုံးသူ ၂၀၀ကျော်စီရှိပြီဖြစ်ပြီး လယ်ယာမြေ ဟက်တာ ၁ သိန်း ပျက်စီး ခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုများသော နိုင်ငံဖြစ်သည်။ ဇွန်လမှ စက်တင်ဘာလ သည် အိန္ဒိယ၏မိုးရာသီကာလဖြစ်ရာ နေရာဒေသအသီးသီးတွင် ရေကြီးရေလျှံမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.