Connect with us

Asia

အိန္ဒိယနိုင်ငံရှိ သံမဏိစက်ရုံတွင် အဆိပ်ရှိဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူ ၆ ဦးသေဆုံး

အိန္ဒိယနိုင်ငံရှိ သံမဏိစက်ရုံ အလုပ်ခွင်အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း အန်ဒရာပရာဒတ်ရှ်ပြည်နယ်တွင် ဇူလိုင်လ ၁၂ ရက်က စက်ရုံတစ်ခုအတွင်း ယိုစိမ့်ခဲ့ရာ အဆိပ်ရှိဓာတ်ငွေ့ ရှုရှိုက်ခံရမှုကြောင့် အနည်းဆုံး အလုပ်သမား ၆ ဦးသေဆုံးပြီး အခြားသူအနည်းငယ် သတိလစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အန်ဒရာပရာဒတ်ရှ်ပြည်နယ် အမရာဗသီ မြို့ အနောက်ဘက် ၃၈၄ ကီလိုမီတာခန့်အကွာရှိ အနန်တပါရ်ခရိုင် သဒိပထရီမြို့ပုဂ္ဂလိကပိုင် သံမဏိစက်ရုံတစ်ခုတွင် ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။“ယင်းမတော်တဆမှုမှာ လုပ်ငန်းခွင်အတွင်း ပြုပြင်ထိန်းသိမ်းမှုလုပ်ပြီးနောက် စစ်ဆေးမှုလုပ်နေစဉ်မှာ ဖြစ်ပွားခဲ့တာပါ” ဟု အနန်တပါရ်ခရိုင်တွင် တာဝန်ကျနေသူ အဆင့်မြင့်ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။အဆိုပါ အလုပ်သမားများမှာ မှားယွင်းစွာကိုင်တွယ်မှုကြောင့် ယိုစိမ့်ထွက်လာသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်များအား ရှုရှိုက်မိခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါ အရာရှိက ပြောခဲ့သည်။ယင်း သံမဏိစက်ရုံသည် ဘရာဇီးနိုင်ငံ Gerdau လုပ်ငန်းပိုင်စက်ရုံဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.