Connect with us

Asia

အိန္ဒိယနိုင်ငံအနောက်ပိုင်း၌ ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၂ ဦးရှိ ၊ သေဆုံးသူ မရှိသေး

ဇီကာဗိုင်းရပ်စ်ပိုးကူးစက်စေသော အေးဒိစ်ခြင် (Aedes) မျိုးစိတ်ထည့်ထားသည့် ဖန်ပုလင်းတစ်လုံး အားတွေ့ ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံအနောက်ပိုင်း Rajasthan ပြည်နယ်၌ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ဇီကာဗိုင်းရပ်စ်တတိယအကြိမ် ကူးစက်ပြန့်နှံ့မှု ဖြစ်ပေါ်လျက်ရှိရာ လူပေါင်း ၂၂ ဦး ရောဂါကူးစက်ခံရပြီး သေဆုံးသူ မရှိကြောင်း အိန္ဒိယနိုင်ငံက အောက်တိုဘာ ၁ဝ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

“ အဲဒီရက်စွဲကစပြီး လူပေါင်း ၂၂ ဦးဗိုင်းရပ်စ်ပိုးကူးစက်ခံရတယ်လို့ဓာတ်ခွဲခန်းက အဖြေထုတ်ပေးပါတယ်။ ရောဂါကူးစက်မှုအခြေအနေတွေကို ထိန်းချုပ်ဖို့ ရောဂါပိုးထိန်းချုပ်ရေးဗဟိုဌာန(NCDC) ကလုပ်ဆောင်နေပါတယ် ” ဟု အိန္ဒိယနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားရာတွင် ရောဂါကူးစက်ခံရသူ ၂၂ ဦးစလုံးသည် ပြည်နယ်မြို့တော် Jaipur မြို့မှ ဖြစ်ကြောင်း ဆိုသည်။ “ ရောဂါကူးစက်ခံရသူအချို့ဟာ ဘီဟာပြည်နယ်က ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေပါ။ ကံကောင်းထောက်မလို့ပေါ့။ အခုချိန်ထိ သေဆုံးသူ မရှိသေးပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဒေသတွင်းမီဒီယာကဖော်ပြရာတွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန္ဒြာမိုဒီက Rajasthan ပြည်နယ်တွင် ဇီကာဗိုင်းရပ်စ်ပြန့်နှံ့နေကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

ဇီကာဗိုင်းရပ်စ်သည် နေ့အချိန်တွင် ပျံဝဲနေသည့် အေးဒိစ်ခြင်(Aedes)မှတဆင့် ကူးစက်ပျံ့နှံ့ခြင်းဖြစ်ကြောင်း ၊ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပါက အဖျားတက်ခြင်း ၊ အရေပြားတွင် အနီဖုများထွက်ခြင်း ၊ မျက်လုံးမျက်ခမ်းများ အနီယောင်သမ်းလာခြင်း ၊ ကြွက်သား နှင့် အရိုးအဆစ်များ ကိုက်ခဲခြင်း နှင့် ခေါင်းကိုက်ခြင်း တို့ပါဝင်သည့် ဝေဒနာများခံစားရကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၌ ပထမဆုံးဇီကာဗိုင်းရပ်စ်ကူးစက်ခံရမှုမှာ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီတွင် နိုင်ငံအနောက်ပိုင်း Gujarat ပြည်နယ်၌ စတင်ဖြစ်ပွားခဲ့ကြောင်း ၊ ဒုတိယအကြိမ် ရောဂါကူးစက်ပျံ့နှံ့မှုမှာ နိုင်ငံတောင်ပိုင်း Tamil Nadu ၌ ၂ဝ၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့ကြောင်း ၊ ရောဂါဖြစ်ပွားသည့် နေရာ နှစ်ခုစလုံးကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.