Connect with us

Asia

အိန္ဒိယနိုင်ငံ၌ အရက်တုသောက်သုံးမှုကြောင့် သေဆုံးသူ လူ ၁၀၀ ကျော်ထိရှိလာ

အိန္ဒိယနိုင်ငံရှိ ဆေးရုံတစ်ခုတွင် တက်ရောက်ကုသနေကြသော အမျိုးသားများအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း အတ်တာပရာဒက်ရှ် (Uttar Pradesh) နှင့် အူထရာခန့်(Uttarkhand) ပြည်နယ်ပြီးခဲ့သည့် သုံးရက်အကြာက တရားမဝင်အရက်တုသောက်သုံးမှုကြောင့် သေဆုံးသူအရေအတွက် ၁၀၀ ကျော်ထိရောက်ရှိခဲ့ကြောင်း တာဝန်ရှိ သတင်းရင်းမြစ်များက ဖေဖော်ဝါရီလ ၁၁ ရက်တွင် ပြောကြားလိုက်သည်။

အတ်တာပရာဒက်ရှ်ပြည်နယ်တွင် လူ ၆၇ ဦးသေဆုံးပြီး အနီးဝန်းကျင်ရှိ အူထရာခန့်တွင် လူ ၃၇ ဦး သေဆုံးသွားခဲ့ကြောင်း၊ အဆိုပါ တရားမဝင်အရက်များအား အတ်တာပရာဒက်ရှ်မှ အူထရာခန့်သို့ တင်သွင်းလာခဲ့ခြင်း ဖြစ်သည်။

ပြည်နယ်အဆင့် တရားမဝင်အရက်များ ဖမ်းဆီးနှိမ်နင်းမှုပြုလုပ်ခဲ့ပြီးနောက် အဆိုပါ ပြည်နယ်များ၌ အရက် ၇၉,၀၀၀ လီတာ ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ထို့ပြင် တရားမဝင်အရက်တုများ ပြုလုပ်ခြင်းနှင့် ရောင်းချခြင်းအတွက် လူပေါင်း ၂၀၀ ကျော်အား ဖမ်းဆီးခဲ့သည်။

ပြင်းထန်သည့် အရေးယူမှုအဖြစ် အဆင့်မြင့် ပြည်နယ်အစိုးရအရာရှိ နှစ်ဦးအား ဥတာပရာဒက်ရှိ အစိုးရက ရာထူးမှရပ်ဆိုင်းလိုက်ကြောင်း၊ အထူးသဖြင့် ဆာဟာရန်ပါရ်ခရိုင်နှင့် ကက်ရှီနာဂါခရိုင်တို့တွင် အများဆုံးဖြစ်ခဲ့သည့် လူသေဆုံးများနှင့်ပတ်သက်၍ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (SIT) မှ စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်း ပြည်နယ်အစိုးရက ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.