Connect with us

Asia

တောင်ကိုရီးယားတက်ကြွလှုပ်ရှားသူများ နှစ်သစ်ကူးအထိမ်းအမှတ် မြောက်ကိုရီးယားနိုင်ငံသို့သွားရောက်လည်ပတ်

၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် တောင်ကိုရီးယားနိုင်ငံမှ အားကစားသမားများ မြောက်ကိုရီးယားနိုင်ငံသို့  ရောက်ရှိလာစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံမှ အရပ်သားတက်ကြွလှုပ်ရှားသူများ အဖွဲ့တစ်ဖွဲ့သည် မြောက်ကိုရီးယားနိုင်ငံမှ တက်ကြွလှုပ်ရှားသူများနှင့်အတူ နှစ်သစ်ကူးအထိမ်းအမှတ်အခမ်းအနား ကျင်းပရန် ၂ ရက်တာ အလည်အပတ်ခရီးစဉ်အဖြစ် ယနေ့ဖေဖော်ဝါရီ ၁၂ ရက်တွင် မြောက်ကိုရီးယားနိုင်ငံသို့ရောက်ရှိလာကြောင်း သိရသည်။

လူပေါင်း ၂၅ဝ ဦးပါဝင်သည့် တက်ကြွသူများအုပ်စုတွင် အလုပ်သမားသမဂ္ဂများ ၊ ဘာသာရေးအဖွဲ့အစည်းများ နှင့် အရပ်သား လူငယ်ကိုယ်စားလှယ်များ ၊ လယ်သမားများ နှင့် အမျိုးသမီးများ ပါဝင်ကြပြီး ၎င်းတို့သည် ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားသည့် စစ်မဲ့ဇုံမျဉ်း(MDL) ကို ဘတ်စ်ကားများဖြင့် ဖြတ်ကျော်ခဲ့ကြကြောင်း နှင့် မြောက်ကိုရီးယားနိုင်ငံ အရှေ ့ဘက်ကမ်းခြေရှိ Kumgang တောင်သို့ဦးတည်သွားခဲ့ကြကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။

ယင်းမှာ ယခုနှစ်အတွက် ပထမဆုံးအကြိမ် ကိုရီးယားနှစ်နိုင်ငံ အရပ်သားများ အပြန်အလှန်ဖလှယ်မှုဖြစ်သည်။ အဆိုပါအုပ်စုထဲတွင် ရှေ့နေများ ၊ သတင်းသမားများ နှင့် အားကစားအရာရှိများလည်း လိုက်ပါခဲ့ကြသည်။

ခရီးစဉ်ပထမရက်တွင် တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့သည် မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့နှင့်အတူ နှစ်သစ်ကူးအခမ်းအနားတစ်ခုကို ပူးတွဲကျင်းပသွားမည်ဖြစ်ကြောင်း နှင့် အစည်းအဝေးများစွာလည်း ကျင်းပသွားရန် ရှိကြောင်း သိရသည်။

ခရီးစဉ်ဒုတိယနေ့တွင်တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့သည် မြောက်ကိုရီးယားအရပ်သားများနှင့်အတူ Kumgang တောင်ပေါ်ရှိ ဘုရားကျောင်းတစ်ခုကို သွားရောက်လည်ပတ်ကြမည်ဖြစ်ပြီး နေဝင်ဆည်းဆာကိုလည်းအတူတကွကြည့်ရှုရန် စီစဉ်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.