Connect with us

Asia

အိန္ဒိယနိုင်ငံ ရထားလုပ်ငန်းက ဟိန္ဒူ ရောင်စုံပွဲတော်အတွက် အထူးရထား ၅၀၀ စင်း ပြေးဆွဲပေးမည်


နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ရထားလုပ်ငန်းက မတ်လ ၂ ရက်တွင် ကျရောက်မည့် ဟိန္ဒူ ရောင်စုံပွဲတော် တစ်ခုဖြစ်သော Holi ပွဲတော် ကျင်းပစဉ်အတွင်း အထူးရထား အစင်း ၅၀၀ ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။

“၂၀၁၇ ခုနှစ်က Holi ပွဲတော်အတွင်း အထူးရထား အစင်း ၄၄၀ ပြေးဆွဲပေးခဲ့တယ်။ ဒီနှစ်မှာတော့ ခရီးသည် ၇၀၀,၀၀၀ ကျော်အတွက် အကျိုးရှိစေဖို့ အထူးရထား ၅၀၀ ပြေးဆွဲသွားမှာပါ” ဟု အကြီးတန်း ရထားလုပ်ငန်း အရာရှိက မီဒီယာသို့ ဖေဖော်ဝါရီလ ၂၈ ရက်က ပြောကြားလိုက်သည်။

အိန္ဒိယနိုင်ငံ Holi ပွဲတော်တွင် ပါဝင်ဆင်နွှဲနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

Holi ပွဲတော်သည် ဟိန္ဒူ နွေဦးပွဲတော် တစ်ခုဖြစ်ပြီး နတ်ဆိုးအား ကောင်းစွာ အောင်နိုင်ခြင်း၊ ဆောင်းအကုန် နွေဦးအကူးသို့ ရောက်ရှိခြင်း၊ ပွဲတော်ရက်အတွင်း အချင်းချင်း တွေ့ဆုံခြင်း၊ တစ်ယောက်နှင့်တစ်ယောက် အပြစ်ခွင့်လွှတ်ခြင်းဖြင့် ပျက်စီးနေသည့် ဆက်ဆံရေးအား ပြန်လည်ပြုပြင်ခြင်း စသည့် အဓိပ္ပါယ်ကို ဖော်ဆောင်ခြင်း ဖြစ်သည်။ ထို့ပြင် ကောင်းမွန်စွာ စပါးရိတ်သိမ်းကာလအတွက် ကျေးဇူးတော်ချီးမွမ်းခြင်းအဖြစ် ကျင်းပခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သော နှစ်များအတွင်း အိန္ဒိယနိုင်ငံ ရထားလုပ်ငန်းသည် ပွဲတော်ကာလများအတွင်း အထူးရထားများ ပြေးဆွဲပေးလျက်ရှိသည်။ (Xinhua)