Connect with us

Asia

ထိုင်းနိုင်ငံ ရွေးကောက်ပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလထက် နောက်မကျဘဲ ကျင်းပမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ပြော

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်-ချန်-အိုချာအား တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အထွေထွေ ရွေးကောက်ပွဲအား ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ပရာယွတ်-ချန်-အိုချာက ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြောကြားလိုက်သည်။

ဝန်ကြီးချုပ်က သတင်းထောက်များအား အစိုးရအိမ်တော်၌ ပြောကြားရာတွင် နိုင်ငံတစ်ဝန်း ရွေးကောက်ပွဲအား ယခုနှစ် နိုဝင်ဘာလမှ နောက်သုံးလဆုတ်ကာ လာမည့်နှစ် ဖေဖော်ဝါရီလထက် နောက်မကျစေဘဲ ကျင်းပသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရွေးကောက်ပွဲရက်အား လာမည့် ဖေဖော်ဝါရီလအထိ ရွှေ့ဆိုင်းရခြင်းသည် ၎င်း တစ်ဦးတည်းကြောင့် မဟုတ်ကြောင်း၊ အာဏာကို ကြာရှည် ဆုတ်ကိုင်ထားချင်၍ ရွေးကောက်ပွဲကို နှောင့်နှေးစေခြင်း မဟုတ်ကြောင်း ပရာယွတ်က ဆိုသည်။

ဝန်ကြီးချုပ် ပရာယွတ်သည် ရွေးကောက်ပွဲအား ယခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည်ဟု ပြီးခဲ့သည့်နှစ်က ကတိပြုခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.