Connect with us

Asia

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဥဒစ္စပြည်နယ်သို့ ဖန်နီဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်

အိန္ဒိယနိုင်ငံ၌ ဖန်နီမုန်တိုင်းဒဏ် ကြိုတင်ကာကွယ်ရေးအစီအစဉ်များ ဆောင်ရွက်ထားမှုအား တွေ့ ရစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ မေ ၃ ရက် (ဆင်ဟွာ)

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖန်တီ (Fani) သည် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဥဒစ္စပြည်နယ် ကုန်မြေပေါ်သို့ မေလ ၃ ရက်တွင် စတင်ဝင်ရောက်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။

အဆိုပါ မုန်တိုင်းသည် ဒေသစံတော်ချိန် နံနက် ၈း၀၀ နာရီက ဥဒစ္စပြည်နယ်မြို့တော် ဘူဘန်နက်စ်ဝါမြို့ ၆၈ ကီလိုမီတာအကွာရှိ ပူရီမြို့အနီးသို့ စတင်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

“အလွန့်အလွန်အားကောင်းတဲ့ ဖန်နီ ဆိုင်ကလုန်းမုန်တိုင်းက ဒေသစံတော်ချိန် နံနက် ၈း၀၀ နာရီမှာ စတင်ဝင်ရောက်ပြီး မုန်တိုင်းအဖျားက ပူရီမြို့အနီးကိုဝင်ရောက်ခဲ့ပြီးဖြစ်တယ်” ဟု အိန္ဒိယနိုင်ငံ မိုးလေဝသဌာက (IMD) က ပြောကြားခဲ့သည်။

မုန်တိုင်းဒဏ်မှ ကာကွယ်ရန် လူဦးရေ ၁.၁ သန်းအား ကုန်းမြင့်ဒေသများရှိ ယာယီနားခိုရာနေရာများသို့ အာဏာပိုင်များက ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

ဥဒစ္စပြည်နယ်ရှိ အနည်းဆုံးခရိုင် ၁၄ ခုမှာ ဖန်နီမုန်တိုင်းလမ်းကြောင်းပေါ်တွင် ရှိနေသည်ဟု ဆိုသည်။

“ဂါဂျာပါတီ၊ ဂန်ဂျမ်၊ ခါဒါ၊ ပူရီ၊ နေဂါ၊ ကက်တတ်၊ ဂျာဂတ်ဆင်းပါ၊ ကန်ဒရာပါရာ၊ ဂျက်ပါ၊ ဘာဒတ်၊နှင့် ဘယ်လက်ဆိုရီ မေယာဘန်ဂျ်၊ ဒန်ကန်နယ်နှင့် ကီရွန်ဂျာ စသည့် ခရိုင်များမှာ မုန်တိုင်းဒဏ် ဆိုးဝါးစွာ ခံစားရမယ်လို့ ခန့်မှန်းထားပါတယ်။ စားဖိုဆောင် ၅၀၀၀ ခန့်က စခန်းတွေမှာရှိတဲ့ ရွှေ့ပြောင်းသူတွေအတွက် အစားအစာကျွေးဖို့ စတင်ချက်ပြုတ်နေကြပြီ” ဟု တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။

ငါးဖမ်းသမားများအား အဆိုပါနယ်မြေများအတွင်းသို့ ငါးဖမ်းမထွက်ကြရန် အကြံပြုထားကြောင်း သိရသည်။

ကြည်းတပ်၊ ရေတပ်၊ လေတပ်၊ ကမ်းခြေစောင့်တပ်နှင့် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများက နောက်ဆုံးဖြစ်လာနိုင်ဖွယ် အခြေအနေအား ရင်ဆိုင်ရန် ပြင်ဆင်ထားကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.