Connect with us

Asia

အိန္ဒိယ၌ ဖန်နီမုန်တိုင်းမဝင်မီ လေယာဉ် နှင့် ရထားခရီးစဉ်များ ဖျက်သိမ်း ၊ လူပေါင်း ၁ သန်းကျော်ကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ထား


နယူးဒေလီ ၊ မေ ၃ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၌ ယနေ့(မေ ၃ ရက်) နံနက်ပိုင်းတွင် ဖန်နီ(Fani)မုန်တိုင်း ဝင်ရောက်မည့် လမ်းကြောင်းပေါ်၌ တည်ရှိနေသော နိုင်ငံ၏ အရှေ့ပိုင်း ပူရီမြို့(Puri) အတွင်း နှင့် အနီးပတ်ဝန်းကျင်တွင် နေထိုင်သော ပြည်သူ တစ်သန်းကျော်ကို ဘေးလွတ်ရာသို့ပြောင်းရွှေ ့ထားကြောင်း နှင့် လေကြောင်းခရီးစဉ်အားလုံး နှင့် မီးရထားခရီးစဉ် ၂ဝဝ ကျော်ကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းသည် အိန္ဒိယနိုင်ငံ၌ ပြီးခဲ့သော ဆယ်စုနှစ် ၂ ခုကျော်အတွင်း ဝင်ရောက်ခဲ့သည့် မုန်တိုင်းများအနက် အပြင်းထန်ဆုံး မုန်တိုင်းအဖြစ် သတ်မှတ်ထားပြီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၂၂၅ ကီလိုမီတာအထိ ရောက်ရှိနိုင်ကြောင်း သိရသည်။ နိုင်ငံအရှေ့ပိုင်း Odisha ပြည်နယ်၌ ၁၉၉၉ ခုနှစ်တွင် တိုက်ခိုက်ခဲ့သော စူပါဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၁ သောင်းခန့်သေဆုံးခဲ့ရသည်။

အိန္ဒိယနိုင်ငံ၌ ဖန်နီမုန်တိုင်းဒဏ် ကြိုတင်ကာကွယ်ရေးအစီအစဉ်များ ဆောင်ရွက်ထားမှုအား တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၌ ဖန်နီမုန်တိုင်းဒဏ် ကြိုတင်ကာကွယ်ရေးအစီအစဉ်များ ဆောင်ရွက်ထားမှုအား တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၌ ဖန်နီမုန်တိုင်းဒဏ် ကြိုတင်ကာကွယ်ရေးအစီအစဉ်များ ဆောင်ရွက်ထားမှုအား တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံအရှေ့ပိုင်းရှိ ဥဒစ္စ ၊ အန်ထရာပရာဒက် ၊ အနောက်ဘင်ဂေါ နှင့် တမီလ်နက်ဒု ပြည်နယ်များတွင် ဖန်နီမုန်တိုင်းအန္တရာယ်သတိပေးချက်ထုတ်ပြန်ထားသည်။ ဥဒစ္စပြည်နယ်(Odisha) အတွင်းရှိ ခရိုင် ၁၃ ခုတွင် မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံး ခံစားရဖွယ် ရှိကြောင်း ခန့်မှန်းထားသည်။

အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့(ICG) ၅ဝ ကျော် ၊ အိန္ဒိယရေတပ် နှင့် အမျိုးသားသဘာဝဘေးအန္တရာယ်အရေးပေါ်တုံ့ပြန်ရေးအဖွဲ့(NDRF) စသည့်အဖွဲ့များက မုန်တိုင်းပြီးနောက် ကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရန် အသင့်အနေအထားစောင့်ဆိုင်းနေကြောင်း သိရသည်။

ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ ကျေးရွာပေါင်း ၁ သောင်းကျော် နှင့် မြို့နယ်ပေါင်း ၅၂ မြို့နယ်မှ ပြည်သူများကို ဆိုင်ကလုန်းမုန်တိုင်းရှောင် ယာယီကယ်ဆယ်ရေးစခန်းများ နှင့် အခြား ဘေးအန္တရာယ်ကင်းသော နေအိမ်များသို့ပြောင်းရွှေ့ပေးထားခဲ့သည်။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီက မုန်တိုင်းအခြေအနေနှင့်ပတ်သက်၍ မေ ၂ ရက် ညနေပိုင်းတွင် နယူးဒေလီမြို့၌ အစိုးရအဆင့်မြင့်အရာရှိကြီးများဖြင့် အရေးပေါ်အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.