Connect with us

Asia

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ရဲစခန်းရှေ့ဆန္ဒပြလူအုပ်ပေါ်သို့ ဓါတ်ကြိုးပြုတ်ကျမှုကြောင့် ၁၁ဦးသေဆုံး

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း Assam ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုတစ်ခုအားတွေ့ရစဉ်-(ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ဧပြီ၁၂ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း Assam ပြည်နယ်တွင် ဧပြီလ၁၁ရက်က ရဲသားတစ်ဦးပစ်လိုက်သည့် ကျည်ဆံ ကြောင့် ရဲစခန်း ရှေ့တွင် ဆန္ဒပြသူများ ပေါ်သို့ ဓါတ်ကြိုးပျက်ကျခဲ့ရာ အနည်းဆုံး ၁၁ဦးသေဆုံးခဲ့ပြီး ၂၀ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်တွင်မီဒီယာများကဖော်ပြခဲ့သည်။

ယင်းမတော်တဆဖြစ်ရပ်သည် Tinsukia ဒေသ ရဲစခန်းအတွင်း လူသတ်မှု သံသယရှိသူအဖြစ် ဖမ်းဆီးထားသည့် လူငါးဦး အား ပြန်လည်လွှတ်ပေးရန် အတွက် ဓားများ၊ တုတ်များကိုင်ဆောင်ထားသည့် ဆန္ဒပြသူများက ရဲစခန်းအား ကျောက်ခဲများဖြင့် ပစ်ခတ်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Trust of India သတင်းဋ္ဌာနကဖော်ပြခဲ့သည်။
ဆူပူဆန္ဒပြနေသည့် လူထုအား လူစုကွဲစေရန် အတွက် ရဲတပ်ဖွဲ့က သေနတ်အား မိုးပေါ်ထောင်၍ ပစ်ခတ်လိုက်စဉ် ကျည်ဆံသည် ဓါတ်ကြိုးအား ထိမှန်ခဲ့ကာ ဆန္ဒပြနေသူများအပေါ် ပျက်ကျခဲ့ပြီး အနည်းဆုံး ၁၁ဦး ချက်ချင်း သေဆုံးခဲ့ကြောင်း သိရသည်။
Assam ပြည်နယ်သည် အိန္ဒိယနိုင်ငံရှိ အဆင်းရဲဆုံးပြည်နယ်များအနက် တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.